ကျောက်တော်မြို့နယ်တွင် ဈေးရောင်းသည့် လင်မယား သတ်ဖြတ်ခံရ

October 15, 2019

ကျောက်တော်မြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦးသေ၊  ၁ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သဝင်းကိုင်းကျေးရွာအုပ်စု၊ ရွှေလှိုင်ကျေးရွာအနီး စစ်အောင်ကျေးရွာမှာ ပစ်ခတ်မှုဖြစ်လို့ အရပ်သားတဦးသေဆုံးပြီး တဦးဒဏ်ရာရှိသွားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၁၅ ရက် မနက်ပိုင်း ၆ နာရီလောက်က ရွှေလှိုင်ကျေးရွာ အနီးတပ်မတော်စစ်ကြောင်းက ပစ်ခတ်မှုကြောင့် စစ်အောင်ကျေးရွာက အသက် ၅၃ နှစ်အရွယ်ဦးကုလားမောင်(ခေါ်) ဦးခင်အောင်ကြည်သေဆုံးခဲ့ပြီး ရွှေလှိုင်ကျေးရွာက တက္ကသိုလ် ကျောင်းသား မောင်နေဆန်းဝင်းအသက် ၂၄ နှစ်တို့ ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ မိသားစု ကပြောပါတယ်။ စစ်အောင်ကျေးရွာကသေဆုံးသွားတဲ့ ဦးကုလားမောင်ရဲ့တူမ  ဒေါ်နွယ်နွယ်ဦးက “ရွာတွေကို မုန့်တီဖတ် လိုက်ပို့နေတဲ့ ကားရှိတယ်။ အဲ့ဒီကားကို ကျမဦးလေးက မုန့်တီဖတ်ယူဖို့ ဆိုပြီး ကျေးရွာရဲ့အဝင်လမ်းက တားတယ်။ အဲ့ဒီကားမှာလည်း စစ်သား ၆ ယောက်လာပါတယ်။ ဟိုက်ဂျက်ကားပါပဲ၊ ကျမဦးလေးတားတာကို ဘာလို့တားရလဲဆိုပြီး စစ်သားတွေက ဆင်းလာတယ်။ ဆင်းလာပြီတော့ ဖုန်းတွေကို စစ်တယ်။ ပြီးတော့ ရွာရဲ့ဘုန်းတော်ကြီးကျောင်းကို ကျမဦးလေးကိုခေါ် သွားတယ်။ အဲ့ဒီမှာ ကျမဦးလေးကို စစ်သားတွေက ပစ်သတ်လိုက်တယ်”လို့ ပြောပါတယ်။ ဒဏ်ရာရရှိသွားတဲ့ တက္ကသိုလ်ကျောင်းသား စစ်အောင်ကတော့   ရွေလှိုင်းကျေးရွာကဖြစ်ပြီး တပ်မတော်က ပစ်ခတ်လို့ ထိခိုက်ဒဏ်ရာရရှိသွားတာဖြစ်တယ်လို့ ရွှေလှိုင်ကျေးရွာသားတွေ ကပြောဆိုပါတယ်။ ဒီကနေ့မွန်းလဲ ၂ နာရီ လောက်မှာတော့ သေဆုံးသွားတဲ့ဦးကုလားကြီးရဲ့အလောင်းကို သွားရောက် ယူခဲ့ပြီး ကျောက်တော် ရင်ခွဲရုံကိုပို့ဆောင်ခဲ့ရတယ်လို့ မိသားစုတွေကပြောဆိုပါတယ်။ ကျောက်တော်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က “အဲ့ဒီအနားမှာ တိုက်ပွဲ ဖြစ်တာ မဟုတ်ဘူး။ တပ်မတော်က ဦးကုလားမောင်က ကားကိုတားတဲ့နောက်ပိုင်း ဖမ်းဆီး ခေါ်သွားပြီးပစ်သတ်လိုက်တယ်တယ်။ နောက်ကျောင်းသား တယောက်ကတော့ ထိခိုက်ဒဏ်ရာရ သွားတယ်။ အခုအချိန်အထိ မုန့်တီဖတ် ရောင်းချနေတဲ့ ကားမောင်းသမားတွေကို ရှာမတွေ့သေးဘူး။” အခုလိုပစ်ခတ်မှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိခဲ့ပါဘူး။ ဒါ့အပြင် တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။ လက်ရှိတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက အရပ်သား ပြည်သူ ၈၀ ကျော်ထက် မနည်း သေဆုံခဲ့ရပြီး ထိခိုက် ဒဏ်ရာရသူတွေ ၁၂၀ ကျော်ရှိကြောင့် ရခိုင်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးတင်ပြထားပါတယ်။ ဝဏ္ဏခွာညို
2 years Ago

September 19, 2019

ကျောက်တော်မြို့နယ်တွင် အမျိုးသမီး ၁ ဦး မိုင်းနင်းမိ၍ ခြေထောက်ပြတ်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာက အမျိုးသမီးတဦးစက်တင်ဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီလောက်က တောင်ယာ ဥယာဉ်ခြံကနေ အိမ်ကိုအပြန်မှာ မိုင်းနင်းမိတာကြောင့် ခြေထောက်တဖက်ပြတ်သွားတယ်လို့ မိသားစုကပြောပါတယ်။ ချောင်းတူကျေးရွာရဲ့ အနောက်ဖက် ၁ မိုင်ခန့်အကွာမှာရှိတဲ့ တောင်ယာဥယာဉ်ခြံကို လင်းမယားနှစ်ယောက် အတူသွားပြီးအိမ်အပြန်မှာ မိန်းမဖြစ်သူ ဒေါ်သန်းသန်းနုအသက် ၄၈ နှစ်ဟာ မိုင်းနင်းမိတာဖြစ်တယ်လို့ ယောက်ျားဖြစ်သူ ဦးသင်္ခါကျော်က ပြောပါတယ်။ “ဒီကနေ့ မနက်ပိုင်း ၁၂ နာရီဝန်းကျင်လောက်က မိုင်းထိတာ၊ တောင်မှာရှိကျနော်တို့ ဥယျာဉ်ခြံသွားတယ်။ အိမ်အပြန်အလာမိုင်း ပေါက်တာ၊ ကျနော့်မိန်းမနဲ့ သွားနေတာက နည်းနည်းလှမ်းတယ်။ ပေါက်ကွဲသွားတဲ့အသံကြားလို့ လှမ်းကြည့်လိုက်တော့ မိန်းမမှာ ဒဏ်ရာတွေ အပြည့်ပဲ၊ ခြေထောက်က လုံးဝအခြေအနေဆိုးတယ်။ ဘယ်ဖက်ခြေထောက်ကိုပြတ်သွားတယ်” လို့ပြောပါတယ်။ မိုင်းနင်းမိတဲ့ ဒေါ်သန်းသန်းနုဟာ ဒဏ်ရာပြင်းထန်တာကြောင့် အခင်းဖြစ်တဲ့နေရာကနေ ယောကျ်ားဖြစ်သူ ကျေးရွာသားတွေကို ဖုန်းဆက်အကူအညီတောင်းပြီး  စစ်တွေဆေးရုံကိုတော့ မနေ့ ညနေ ၄ နာရီခွဲလောက်မှာ ရောက်ရှိလာပြီး အရေးပေါ်ဆေးကုသမှုခံယူနေရပါတယ်။ ဝဏ္ဏခွာညို
ေက်ာက္ေတာ္ၿမိဳ႕နယ္တြင္ အမ်ိဳးသမီး ၁ ဦး မိုင္းနင္းမိ၍ ေျခေထာက္ျပတ္ ဝဏၰခြာညိဳ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေခ်ာင္းတူေက်း႐ြာက အမ်ိဳးသမီးတဦးစက္တင္ဘာ ၁၈ ရက္ မြန္းတည့္ ၁၂ နာရီေလာက္က ေတာင္ယာ ဥယာဥ္ၿခံကေန အိမ္ကိုအျပန္မွာ မိုင္းနင္းမိတာေၾကာင့္ ေျခေထာက္တဖက္ျပတ္သြားတယ္လို႔ မိသားစုကေျပာပါတယ္။ ေခ်ာင္းတူေက်း႐ြာရဲ႕ အေနာက္ဖက္ ၁ မိုင္ခန႔္အကြာမွာရွိတဲ့ ေတာင္ယာဥယာဥ္ၿခံကို လင္းမယားႏွစ္ေယာက္ အတူသြားၿပီးအိမ္အျပန္မွာ မိန္းမျဖစ္သူ ေဒၚသန္းသန္းႏုအသက္ ၄၈ ႏွစ္ဟာ မိုင္းနင္းမိတာျဖစ္တယ္လို႔ ေယာက္်ားျဖစ္သူ ဦးသခၤါေက်ာ္က ေျပာပါတယ္။ “ဒီကေန႔ မနက္ပိုင္း ၁၂ နာရီဝန္းက်င္ေလာက္က မိုင္းထိတာ၊ ေတာင္မွာရွိက်ေနာ္တို႔ ဥယ်ာဥ္ၿခံသြားတယ္။ အိမ္အျပန္အလာမိုင္း ေပါက္တာ၊ က်ေနာ့္မိန္းမနဲ႔ သြားေနတာက နည္းနည္းလွမ္းတယ္။ ေပါက္ကြဲသြားတဲ့အသံၾကားလို႔ လွမ္းၾကည့္လိုက္ေတာ့ မိန္းမမွာ ဒဏ္ရာေတြ အျပည့္ပဲ၊ ေျခေထာက္က လုံးဝအေျခအေနဆိုးတယ္။ ဘယ္ဖက္ေျခေထာက္ကိုျပတ္သြားတယ္” လို႔ေျပာပါတယ္။ မိုင္းနင္းမိတဲ့ ေဒၚသန္းသန္းႏုဟာ ဒဏ္ရာျပင္းထန္တာေၾကာင့္ အခင္းျဖစ္တဲ့ေနရာကေန ေယာက်္ားျဖစ္သူ ေက်း႐ြာသားေတြကို ဖုန္းဆက္အကူအညီေတာင္းၿပီး စစ္ေတြေဆး႐ုံကိုေတာ့ မေန႔ ညေန ၄ နာရီခြဲေလာက္မွာ ေရာက္ရွိလာၿပီး အေရးေပၚေဆးကုသမႈခံယူေနရပါတယ္။
2 years Ago
Up