ကျောက်ဆည်မြို့

October 12, 2019

ကျောက်ဆည်မြို့ ရိုးရာ ဆင်အလှူတော်နဲ့ဆင်အကအလှပြိုင်ပွဲ (ဓာတ်ပုံ) 

၄၂ ကြိမ်မြောက် ကျောက်ဆည်မြို့ ရိုးရာ ဆင်အလှူတော်နဲ့ဆင်အကအလှပြိုင်ပွဲကို အောက်တိုဘာလ ၁၂ ရက်နေ့မနက်ပိုင်းက စတင်ကာ ကျောက်ဆည်မြို့ ရွှေသာလျောင်း‌တောင်ခြေရှိ ကွင်းပြင်မှာ ကျင်းပနေပါတယ်။ မြန်မာတနိုင်ငံလုံးမှာ ကျောက်ဆည်မြို့ရှိ သီတင်းကျွတ်ဆင်ပွဲဟာ အထူးထင်ရှားကျော်ကြားပါတယ်။ နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့နဲ့ လပြည့်နေ့တွေမှာ ဆင်ပွဲတော် ကျင်းပမြဲ ဖြစ်ပါတယ်။ ဝါး၊ စက္ကူတို့နဲ့ ချိုးထားတဲ့ ဆင်ရုပ်အတွင်းလူဝင်ပြီး အပြိုင်အဆိုင် တီးမှုတ်ကခုန်ကာ လှည့်လည်ကြတဲ့ ပွဲတော် ဖြစ်ပါတယ်။
2 years Ago

ဆင်အလှူတော်နှင့် ဆင်အက အလှပြိုင်ပွဲ ကျောက်ဆည်မြို့တွင် ကျင်းပ

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ခြေက ဆင်ပြိုင်ကွင်းမှာ ရိုးရာ ဆင်အလှူတော်နဲ့ဆင်အကအလှပြိုင်ပွဲ ပွဲတော်ကို ဒီနေ့မနက်ပိုင်း ကျင်း ပပြုလုပ်ခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဆင်လှူပွဲတော်နဲ့ ဆင်အကအလှပြိုင်ပွဲကို ရွှေသာလျောင်းတောင်ပေါ်မှာ ကျင်းပခဲ့တာ ဒီနှစ်နဲ့ဆို ကြိမ်ရှိပြီလို့ သိရပါတယ်။  “ဒီနှစ်ပြိုင်ပွဲဝင်ဆင် စုစုပေါင်း ၁၆ ကောင်ရှိပါတယ်။ အရင်နှစ်ကထက် ပြိုင်ပွဲဆင် လေးကောင်လျော့သွားတယ်။ ထူးခြားတာက မနှစ်ကထက် ဆုကြေးတွေ ပိုတိုးပေးထားတယ်။ ဒီထက်ပိုပြီး တိုးတက်အောင်၊ ကမ္ဘာ့ကနေ သိအောင် ကြိုးစားနေပါတယ်” လို့ ကျောက်ဆည်မြို့ ဆင်လှူပွဲတော်နဲ့ ဆင်အကအလှပြိုင်ပွဲ ကျင်းပရေးကော်မတီဝင် ကိုစိုးသီဟက ပြောပါတယ်။ ဆင်အကအလှပြိုင်ပွဲကို ကျောက်ဆည်ခရိုင်အတွင်းကကျေးရွာ အုပ်စု ၉၆ အုပ်စုက ပါဝင်ယှဉ်ပြိုင်ကြပြီး ၂၀၀၄-၂၀၀၅ ခုနှစ် နောက်ပိုင်းမှာ ပုဂ္ဂလိကပိုင် ဆင်တွေ ရှိခဲ့ပေမယ့် ပြိုင်ပွဲဝင် ကုန်ကျစရိတ်က ပိုမိုကြီးမြင့်လာတာကြောင့် ပြိုင်ပွဲဝင်ဆင်တွေ လျော့နည်းလာတာလို့ သိရပါတယ်။  ကျောက်ဆည်ဆင် အလှူပွဲတော် နဲ့ ဆင်အက အလှပြိုင်ပွဲမှာ ရိုးရာဆင်၊ ဘော်ကြယ်ဆင်၊ ကလေးဆင်၊ သဘာဝဆင်ဆိုပြီး ပြိုင်ပွဲအမျိုးအစား လေးမျိုးနဲ့ကျင်းပတာပါ။ ဆုကြေးငွေအဖြစ် ရိုးရာဆင်အကအလှပြိုင်ပွဲအတွက် ပထမဆု ငွေကျပ် ၁၄ သိန်း၊ ဒုတိယဆု ငွေကျပ် ၁၁ သိန်း၊ တတိယဆု ငွေကျပ် ၇ သိန်းခွဲ၊ နှစ်သိမ့်ဆု ၁ နဲ့ ၂ အတွက် ငွေကျပ် ၁ သိန်းခွဲစီကို ဆုချီးမြှင့်သွားမှာလည်းဖြစ်ပါတယ်။ ပြိုင်ပွဲမှာဝင် ပြိုင်ကြတဲ့ ဆင်အသင်းလေးသင်းကိုလည်း ကျပ် ၁ သိန်းစီ ချီးမြှင့်ပါတယ်။ ဘော်ကြယ်ဆင်အကအလှပြိုင်ပွဲမှာ ပထမဆု ငွေကျပ် ၁၂ သိန်း၊ ဒုတိယဆုငွေကျပ် ၉ သိန်း၊ ကလေးဆင်ပြိုင်ပွဲ ပထမဆုကို ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုငွေကျပ် ၇ သိန်း၊ တတိယဆုငွေကျပ် ၃ သိန်း၊ သဘာဝဆင်အကအလှပြိုင်ပွဲ ပထမဆုကို ငွေကျပ် ၇ သိန်း၊ ဒုတိယဆုငွေကျပ် ၃ သိန်းချီးမြှင့်ပြီး ပြိုင်ပွဲမှာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိမယ့် အသင်း ၁၂ သင်းတို့ကို မော်တော်ဆိုင်ကယ် တစီးစီ ဆုချီးမြှင့်သွားမှာလည်း ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ် လဆန်း ၁၄ ရက်နေ့နဲ့သီတင်းကျွတ် လပြည့်နေ့မှာ ဆင်အကအလှ ပြိုင်ပွဲတွေ၊ ဆင်လှူပွဲတော်နဲ့အတူ ဆွမ်းတောေကြီး ကပ်လှူပွဲကို ကျောက်ဆည်မြို့မှာ ကျင်း‌ပလာခဲ့တာဟာ အနော်ရထာ မင်းလက်ထက်ကစပြီး ဒီနေ့အထိ နှစ်ပေါင် ၉၀၀  ကျော် ရိုးရာမပျက် ပြုလုပ်ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။ ရိုးရာဆင်လှူပွဲတော်နဲ့ ဆင်အကအလှပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
2 years Ago

ကျောက်ဆည်မြို့က ရိုးရာ ဆင်အက၊ အလှပြိုင်ပွဲ (ရုပ်သံ)

မန္တလေးတိုင်း ကျောက်ဆည်မြို့ ရွှေသာလျောင်းဘုရား ဆင်လှူပွဲတော် ၄၂  ကြိမ်မြောက် ရိုးရာ ဆင်အက၊ အလှပြိုင်ပွဲကို ဒီနေ့ ကျင်းပနေပါတယ်။ ရုပ်သံ - ကျောက်ဆည်မြို့ ဆင်ပွဲတော်
2 years Ago
Up