ကျောက်ဆည်ဘူတာ

September 30, 2020

ကျောက်ဆည်ဘူတာအနီး ထောင်လွတ်အကျဉ်းသားဟောင်း ၁ ဦး ရထားကြိတ်မိ သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်ဘူတာ မြောက်ဘက်  သံလမ်းခွဲအနီးမှာ စက်တင်ဘာ ၃၀ ရက် မနက် ၁၁ နာရီအချိန်လောက်က  အမျိုးသား တစ်ဦး ရထားတိုက် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းမှာ ရထားကြိတ်ခံရတဲ့အတွက် ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်သွားပြီး ရုပ်လောင်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်) က သွားရောက်သယ်ဆောင်ကာ ကျောက်ဆည်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ သေဆုံးသူနဲ့အတူပါလာတဲ့ အကျဉ်းဦးစီးဌာနရဲ့ ထောင်ပုံစံ ၆၆ အရ သေဆုံးသူဟာ ထောင်လွှတ်အကျဉ်းသားတစ်ဦးဖြစ်တယ်လို့  မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်) တာဝန်ရှိသူက ပြောပါတယ်။ ရထားတိုက်သေဆုံးသူဟာ မလှိုင်မြို့နယ်၊ တောင်ရိုးတွဲကျေးရွာမှာ နေထိုင်သူဖြစ်တယ်လို့ သိရပြီး နယ်မြေရဲစခန်းက  သေမှုသေခင်းဖွင့်လှစ်ဆောင်ရွက်ဖို့ ရှိနေပါတယ်။ သတင်း - နိုင်လင်းဦး
7 months Ago
Up