ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ

A d v e r t i s e m e n t With Us

September 30, 2020

ဖားကန့် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများကို နှစ်ကုန်ပိုင်းမှ ပြန်တူးဖော်ခွင့်ပြုမည်

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ  ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေကို ၂၀၂၀ ဒီဇင်ဘာလပိုင်းလောက်မှသာ ပြန်လည်တူးဖော်ခွင့်ပြုမယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။  ဦးဒါရှီလဆိုင်းက  “ ကိုဗစ်-၁၉ ရောဂါအနေအထားပေါ်မူတည်ပြီးမှလည်း ပြန်ဖွင့်မယ့် အနေအထားဖြစ်နိုင်ပြီး ကိုဗစ်က ကူးစက်နှုန်းမြန်တဲ့အတွက် ကျောက်စိမ်းလုပ်ကွက်တွေက တူးဖော်ပြီဆိုရင် အလုပ်သမားတွေ အလုံးအရင်းနဲ့ လုပ်ရတယ်။ နောက်ပြီး ရေမဆေးရှာဖွေသမား တွေကလည်း တူးဖော်ခွင့်ပြုပြီဆိုရင် အလုံးအရင်းနဲ့ တက်လာကြမှာဆိုတော့ ဒါတွေလည်း သုံးသပ်ဖို့လိုမယ်”လို့ ပြောပါတယ်။ ကချင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ကျောက်မျက်ကုမ္ပဏီ တာဝန်ခံ ဦးဇော်အောင်က “အခုလို ကျောကိမ်းတူးဖော်ခွင့် နှစ်လတိုးရပ်နားထားရမှာဖြစ်လို့ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်း လုပ်ကိုင်ရမယ့် အချိန်နည်းပါးပြီး အလုပ်သမားခေါ်ယူဖို့ အခက်အခဲရှိတယ်။ တကယ်လုပ်ကြစို့ ဆိုရင် ဝန်ထမ်းကလည်း တခြားနေရာကိုရောက်ပြီ၊ ဆိုရင် ဘာမှလဲ ကြိုတင်ပြင်ဆင်လို့ မရတဲ့ အခြေအနေပဲ”လို့ ပြောပါတယ်။  ဖားကန့်ဒေသမှာ မိုးရာသီကာလအတွင်း သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ မြေပြိုခြင်း၊ နွံကန်ပေါက်ကျခြင်း မဖြစ်ပေါ်စေဖို့အတွက် ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလတာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ရပ်နားထားရှိဖို့ အစိုးရကနေ ကြေညာချက် ထုတ်ပြန်ထားပြီး အခုအခါ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ၂ လထပ်တိုး သတ်မှတ်လိုက်တာဖြစ်ပါတယ်။
5 months Ago

June 29, 2020

ဖားကန့်တွင် ကျောက်မျက်ကုမ္ပဏီ မိုင်းဖောက်ခွဲရာမှ ဝန်ထမ်း ၁ ဦး သေဆုံး 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု ကောင်းစံကျေးရွာအနီးက ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတခုမှာ ဇွန် ၂၈ ရက် ညနေ ၄ နာရီလောက်က မိုင်းဖောက်ခွဲရာမှ ကုမ္ပဏီဝန်ထမ်းတဦး သေဆုံးသွားခဲ့တယ်လို့ ဖားကန့် ရဲစခန်းက သိရပါတယ်။ အဆိုပါ အခင်းဖြစ်ပွားခဲ့တဲ့ ကုမ္ပဏီဟာ Global Sunlight ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ ဖြစ်ပြီး သေဆုံးသူဟာလည်း ကုမ္ပဏီရဲ့ ကျောက်မိုင်းဖောက်ခွဲရေးလုပ်သား ဖြစ်တယ်လို့လည်း ရဲမှတ်တမ်းက ဆိုပါတယ်။ သေဆုံးသူဟာ ခိုင်မင်းထွန်း (၃၁) နှစ် ဖြစ်ပြီး မိုင်းဖောက်ခွဲရေး လုပ်ငန်းတွေဆောင်ရွက်စဉ် တုန်ခါမှုကြောင့် အနီးရှိ အမြင့်ပေ ၁၅၀ ခန့်ရှိ ကမ်းပါးပေါ်မှ ကျောက်ခဲတွေ ပြုတ်ကျလာကာ ထိမှန်သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။ ရဲလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ဖို့ သေဆုံးသူရဲ့ ရုပ်အလောင်းကို စစ်ဆေးနိုင်ဖို့ ဖားကန့်ပြည်သူ့ဆေးရုံကို သယ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မိုင်းဖောက်ခွဲမှုကြောင့် ကုမ္ပဏီဝန်ထမ်း သေဆုံးမှုဟာ ၂၀၂၀ ပြည့်နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၁၉ ခုနှစ်ကလည်း မိုင်းဖောက်ခွဲမှုကြောင့် ကုမ္ပဏီ ဝန်ထမ်း ၂ ဦးနဲ့ အရပ်သား ၂ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။ လက်ရှိအခင်းဖြစ်ပွားခဲ့တဲ့ Global Sunlight ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ တူးဖော်နေတဲ့ နေရာဟာ တရားဝင်သက်တမ်းရှိ လုပ်ကွက် ဟုတ်၊ မဟုတ် ဆိုတာကို သိရှိနိုင်ဖို့ ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း) ကို DVB က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိပါဘူး။ ဇော်မိုးထက် (ဖားကန့်)
8 months Ago
Up