ကျောက်ကြီးမြို့နယ်

December 24, 2021

ကျောက်ကြီးမြို့နယ်၊ မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၁ ဦးဖြစ်တဲ့ ဦးမြမောင် ဟာ ဒီဇင်ဘာ ၂၃ ရက်နေ့၊ မနက်ပိုင်းက ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့က မနက် ၅ နာရီခွဲလောက်က နတ်သံကွင်းမြို့၊ လက်ဖက်ရည်ဆိုင်ထဲမှာ လက်ဖက်ရည်သောက်နေတုန်း လူ ၂  ယောက်က ဆိုင်ကယ်နဲ့လာပြီး ဝင်ပစ်သွားတာ။ အဲ့ဒိ နေရာမှာပဲ ဆုံးသွားတယ်” လို့ မြို့နယ်ထွေ/အုပ်ရုံးဝန်ထမ်းတဦးက အတည်ပြုပြောပါတယ်။

သေဆုံးသွားတဲ့ ဦးမြမောင်ဟာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာ ပဲခူးတိုင်းအစိုးရကနေ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရသူလို့ သိရပါတယ်။

မိသားစုနဲ့နီးစပ်သူတဦးက “သူ့ကို အသက်လည်းကြီးပြီ ဘာမှဝင်မလုပ်တော့နဲ့ဆိုတာကို ပြောမရခဲ့ဘူး” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ဦးမြမောင်ကို ကျောက်ကြီးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်အဖြစ် ထည့်သွင်းတာဝန်ပေးအပ်ထားတာလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ဦးမြမောင် သေဆုံးမှုနဲ့ပတ်သက်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ကြေညာချက်တစုံတရာထုတ်ပြန်ထားတာ မရှိသးပါဘူး။

ဒီဗွီဘီက ကျောက်ကြီးမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ''ရဲလုပ်ထုံး လုပ်နည်းအတိုင်း အမှုဖွင့်ထားတယ်” လို့သာ တာဝန်ကျရဲ့တပ်ဖွဲ့ဝင်တဦးက ပြန်လည်ဖြေဆိုပါတယ်။

1 month Ago

December 9, 2021

ကျောက်ကြီးမြို့နယ်၌ စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကလေး အပါအဝင် ၃ ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)  တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီးမြို့နယ်၊ မူသယ်ကျေးရွထဲကို စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် ဒေသခံလူငယ် တယောက်နဲ့ ကလေး နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၇ ရက် ည ၇ နာရီလောက်က စစ်ကောင်စီရဲ့ ရှေ့တန်းစခန်း(ခူသေစိုး) ဗျူဟာမှူး မင်းထိုက်အောင်၊ ခမရ ၇၅ တပ်ရင်းမှူး အောင်ဇော်မိုးတို့ ဦးဆောင်တဲ့တပ်က  မူသယ်ကျေးရွာထဲကို  လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။ 

မူသယ်ကျေးရွာသား တစ်ဦးက“လက်နက်ကြီးနဲ့ ရွာထဲကိုပစ်တာ။ ညဘက်ဆို ရွာထဲမှာအကုန်ရှိတဲ့ အချိန်ပစ်တာ။ အရပ်သားပြည်သူကို ရန်သူလိုသဘောထားပြီး တမင်ပစ်ခတ်တာ။ ကျနော်တို့ရွာတွေ မကြာခဏစစ်တပ်ရဲ့ နှိပ်စက်တာ ခံရတယ်။ အခုနောက်ပိုင်း ပိုရက်စက်လာတယ်”လို့ ပြောပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့တဲ့  စောနေကျယ်(ဖခင်ဖြစ်သူဟာလည်း မြန်မာစစ်တပ်ရဲ့သတ်ဖြတ်ခံခဲ့ရ)  အသက် ၂၄ နှစ်မှာ ချက်အောက်ထိမှန်၊ စောလွဲနေမူး အသက် ၁၃ နှစ်မှာ ခြေမထိမှန်ခဲ့သလို စောပွေးပွေးတုပ် အသက် ၁၃ နှစ်မှာ ပေါင်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့တပ်တွေဟာ KNU ထိန်းချုပ်မြေတွေအတွင်း ကျူးကျော်ဝင်ရောက်ပြီး ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေးအကြိမ်ကြိမ် ချိုးဖောက်တာတွေ၊ လယ်ယာ၊ ဥယျာဥ်ခြံမြေ၊ လုပ်ကိုင်စားသောက်ရာနေရာတွေနဲ့ ကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

2 months Ago
More News
Up