ကျောက်ကြီး

October 16, 2022

ကျောက်ကြီးရှိ PDF စခန်း စီးနင်းခံရ၊ ရဲဘော် ၂ ဦးကို အရှင်ဖမ်းမိ

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းက PDF ယာယီစခန်းတခုကို အောက်တိုဘာ ၁၅ ရက် မနက် ၄ နာရီလောက် စစ်ကောင်စီက ဝင်ရောက်စီနင်း တိုက်ခိုက်ပြီး PDF ရဲဘော် ၂ ယောက် ဖမ်းဆီးသွားတယ်လို့ ကျောက်ကြီးဒေသခံ PDF ရဲဘော် တဦးက ပြောပါတယ်။ 

ညောင်ပင်သာကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့်အကွာမှာရှိတဲ့ PDF ပူးပေါင်းစခန်း  စီးနင်း တိုက်ခိုက်ရာမှာ အစောင့်ချထားတဲ့ PDF ရဲဘော် ၂ ယောက်ကို သေနတ် ၃ လက်၊ ကျည်ဆန်၊ ဗုံးသီးတွေနဲ့အတူ ဖမ်းမိသွားတယ်လို့ သိရပါတယ်။

ကျောက်ကြီးဒေသခံ PDF ရဲဘော်က “စစ်ကောင်စီတပ်တွေက မနက် ၄ နာရီလောက်ကြီး လာ၀င်စီးတာ။ ကိုယ်တွေဘက်က သတင်းကြိုရထားတော့ ကြိုရှောင်နေတာ။ စခန်းအစောင့် အနေနဲ့ ရဲဘော် ၂ ယောက်ပဲ ကျန်ခဲ့တာ။ အဲဒီ ၂ ယောက်ကို သေနတ် ၃ လက်နဲ့အတူ အရှင်ဖမ်းမိသွားတာ။” 

ဖမ်းမိသွားတဲ့ ရဲဘော်နှစ်ဦးဟာ တောင်ငူမြို့နေ ဒီပါလွင်နဲ့ ကျောက်ကြီးမြို့နယ် ပေါက်ကျေးရွာနေ စောဝင်းဌေးတို့ဖြစ်ပြီး အေကေ-၄၇ ၁ လက်၊ အမ်အမ်- ၁၄  ၁ လက်၊ ကျည် ၄၉ တောင့်၊ ခြောက်လုံးပြူး ၁ လက်၊ ကျည် ၄၂ တောင့်၊ ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာ ၁ လက် နဲ့ ဗုံးသီး ၁၀ လုံး၊ သံကိုယ်ထည်မိုင်း ၆ လုံး သိမ်းဆည်းခံခဲ့ရတယ်လို့ တောင်ငူခရိုင် PDF တပ်ရင်းက သိရပါတယ်။

အဲဒီနေ့ မနက် ၄ နာရီကျော်ကနေ ဒီနေ့ မနက်အထိ ကျောက်ကြီးမြို့နယ်ထဲက ရွာအနီးအနားတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့တောက်​လျှောက်ပစ်ခတ်နေတာကြောင့် ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ‌ဒေသခံတဦးက ပြောပါတယ်။

4 months Ago

September 21, 2022

ကျောက်တံခါး၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်များတွင် KNLA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ပဲခူးတိုင်းအရှေ့ပိုင်းက ကျောက်တံခါး၊ ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်တွေမှာ စက်တင်ဘာ ၂၀ ရက် ည ၁၀ နာရီလောက်က KNLA နဲ့ စစ်ကောင်စီတပ် နှစ်ဖက်ထိတွေ့မှုဖြစ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ကာ မိုင်းတွေလည်း ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဗောဓိကွင်း ထရန်စ‌ဖော်မာ ပေါက်ကွဲသံကြားလို့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ သွားကြည့်ချိန် မိုင်းထပ်မံပေါက်ကွဲခဲ့တာကြောင့် ပျူစောထီး ၂ ယောက်နဲ့ စစ်ကောင်စီတပ်သား ၁ ယောက် သေပြီး ပျူစောထီး ၁ ယောက် ဒဏ်ရာရတယ်လို့ ကျောက်တံခါးမြို့ ဒေသခံတယောက်က ပြောပါတယ်။

ည ၁၀ နာရီမှာလည်း စစ်တောင်းမြစ်အရှေ့ခြမ်း နတ်သံကွင်းတံတားထိပ်ကနေ စစ်ကောင်စီက လက်နက်ကြီးနဲ့ အချက် ၂၀ ကျော် လှမ်းထုလို့ နတ်သံကွင်း ၇ ရပ်ကွက်က အသက် ၄၀ ကျော် ကရင်အမျိုးသမီးရဲ့ တင်ပါးကို လက်နက်ကြီးစ ရှပ်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကျင်မြို့နယ် ပဒဲကော ဘောကထှာ ကနေလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ တပ်ရင်း ၉ ဘက်ကို တညလုံး ပစ်နေခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေက ကေအန်ယူ တပ်မဟာ ၃ ဘက်ကို စစ်အင်အားတိုးကာ စစ်ကြောင်းထိုးနေပြီး ရဟတ်ယာဥ်တွေလည်း နေ့စဥ်နီးပါး ပျံဝဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

4 months Ago
More News
Up