ကျေနပ်မှုမရှိ

November 26, 2019

ဟောင်ကောင် မဲဆန္ဒရှင်များ အစိုးရအပေါ် ကျေနပ်မှုမရှိဟု  အုပ်ချုပ်ရေးမှူး ဝန်ခံ

ဟောင်ကောင်မဲဆန္ဒရှင်တွေက ခရိုင်ရွေးကောက်ပွဲတွေမှာ စံချိန်တင် လာရောက်မဲပေးတာဟာ  အစိုးရအပေါ် ကျေနပ်မှုမရှိတာကို အထင်အရှား ပြလိုက်တာပဲလို့ အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်က  ဝန်ခံပြောကြားလိုက်ပါတယ်။   ဟောင်ကောင် နိုင်ငံရေးအခြေအနေ မတည်ငြိမ်တဲ့ကြားထဲက ငြိမ်းငြိမ်းချမ်းချမ်း မဲပေးကြသူတွေကိုလည်း ကယ်ရီလမ်က  ကျေးဇူးတင်စကားပြောခဲ့ပါတယ်။     ရွေးကောက်ပွဲကျင်းပတဲ့ ခရိုင်ကောင်စီနေရာ ၄၅၂ နေရာထဲမှာ ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းတွေက နေရာ ၉၀ ရာခိုင်နှုန်းနီးပါး ရရှိပြီး သောင်ပြိုကမ်းပြို  အနိုင်ရခဲ့တာပါ။ ဒီရွေးကောက်ပွဲက တရုတ်အစိုးရ ထောက်ခံတဲ့ ကယ်ရီလမ်အပေါ် ထောက်ခံမှု ဘယ်လောက်ရှိလဲ ဆိုတာ တိုင်းတာတဲ့ ကိရိယာလည်း  ဖြစ်ပါတယ်။ အခုဆိုရင် ဟောင်ကောင်မှာ အကြမ်းဖက်တာတွေ ရပ်စဲသွားတာ သီတင်းတပတ်နီးပါး ရှိပါပြီ။ ပြီးခဲ့တဲ့ ၆ လမှာ အကြမ်းဖက်မှု ရောပြွမ်းတဲ့ မငြိမ်သက်မှုတွေ မကြာခဏ  ပေါ်ပေါက်ခဲ့ပါတယ်။ ပြဿနာတွေ ရင်ဆိုင်နေရတဲ့ ဟောင်ကောင် ခေါင်းဆောင် လမ်က ငြိမ်းချမ်းတဲ့ သီတင်းပတ်ဟာ ရွေးကောက်ပွဲအတွက်ချည်း မဟုတ်ဘဲ ဟောင်ကောင်ပြည်သူတွေအနေနဲ့ အကြမ်းဖက်မှု အဆုံးသတ်စေချင်လို့ အချက်ပြတာ ဖြစ်ဖို့ သူ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
2 years Ago
Up