ကျူးလစ်ပန်းခြံ

September 26, 2019

ဖိလစ်ပိုင်နိုင်ငံက ပလတ်စတစ်ပုလင်းများဖြင့် ဖန်တီးထားသည့် ကျူးလစ်ပန်းခြံ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက လာမစ်တန်မြို့ဟာ ပလတ်စတစ်ပုလင်း အလုံးရေ ၃၀၀၀၀ ကို တာရှည်ခံ ကျူးလစ်ပန်းခြံအဖြစ် ပုံစံပြောင်းလိုက်ပါတယ်။ စက်တင်ဘာ ၂၃ ရက်က ဖွင့်လှစ်တဲ့ ဒီပန်းခြံကို မြို့ဝန်းကျင်က ရွာပေါင်း ၄၅ ရွာကနေ ကောက်ယူ စုဆောင်းထားတဲ့ ပလတ်စတစ် ပုလင်းတွေနဲ့ ဖန်တီးထားတာပါ။ ပုလင်းတွေကို ကျူးလစ်ပန်းပုံ ဖြတ်ပြီး အနီ၊ အဝါ၊ ပန်းရောင်နဲ့ အပြာရောင် ဆေးခြယ်ထားပါတယ်။ လာမစ်တန်မြို့က ထွက်တဲ့ အမှိုက်တွေထဲမှာ ပလတ်စတစ်ပုလင်းတွေက ပမာဏ အများအပြား ပါဝင်လို့ ပလတ်စတစ် ညစ်ညမ်းမှု လျှော့ချရေး ကူညီနိုင်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ရာ ပန်းခြံဖြစ်အောင် ပုံစံ ပြောင်းခဲ့တယ်လို့ မြို့တော်ဝန် ရို့စ် ဖှူရီဂေးက ပြောခဲ့ပါတယ်။ ======================= ဖိလစ္ပိုင္ႏိုင္ငံက ပလတ္စတစ္ပုလင္းမ်ားျဖင့္ ဖန္တီးထားသည့္ က်ဴးလစ္ပန္းၿခံ DVB ဖိလစ္ပိုင္ႏိုင္ငံ ေတာင္ပိုင္းက လာမစ္တန္ၿမိဳ႕ဟာ ပလတ္စတစ္ပုလင္း အလုံးေရ ၃၀၀၀၀ ကို တာရွည္ခံ က်ဴးလစ္ပန္းၿခံအျဖစ္ ပုံစံေျပာင္းလိုက္ပါတယ္။ စက္တင္ဘာ ၂၃ ရက္က ဖြင့္လွစ္တဲ့ ဒီပန္းၿခံကို ၿမိဳ႕ဝန္းက်င္က ႐ြာေပါင္း ၄၅ ႐ြာကေန ေကာက္ယူ စုေဆာင္းထားတဲ့ ပလတ္စတစ္ ပုလင္းေတြနဲ႔ ဖန္တီးထားတာပါ။ ပုလင္းေတြကို က်ဴးလစ္ပန္းပုံ ျဖတ္ၿပီး အနီ၊ အဝါ၊ ပန္းေရာင္နဲ႔ အျပာေရာင္ ေဆးျခယ္ထားပါတယ္။ လာမစ္တန္ၿမိဳ႕က ထြက္တဲ့ အမႈိက္ေတြထဲမွာ ပလတ္စတစ္ပုလင္းေတြက ပမာဏ အမ်ားအျပား ပါဝင္လို႔ ပလတ္စတစ္ ညစ္ညမ္းမႈ ေလွ်ာ့ခ်ေရး ကူညီႏိုင္တဲ့ ကမာၻလွည့္ ခရီးသည္ေတြကို ဆြဲေဆာင္ရာ ပန္းၿခံျဖစ္ေအာင္ ပုံစံ ေျပာင္းခဲ့တယ္လို႔ ၿမိဳ႕ေတာ္ဝန္ ႐ို႕စ္ ဖႉရီေဂးက ေျပာခဲ့ပါတယ္။
2 years Ago
Up