ကျူးရှူးကျွန်

July 5, 2020

ဂျပန်နိုင်ငံ ကျူးရှူးကျွန်းမှ ရေဘေးသင့် ပြည်သူများကို ကယ်ထုတ်ရန် စစ်တပ်စေလွှတ်

ဂျပန်နိုင်ငံတောင်ပိုင်း ကျူးရှူးကျွန်းမှာ မိုးကြီးလို့ ရေဘေးသင့် ရေမျက်နှာပြင် မြင့်တက်လာ တဲ့အတွက် လူတွေကို ဘေးကင်းရာ ကယ်ထုတ်ဖို့ ဇူလိုင်လ ၄ ရက်က စစ်တပ်ကို စေလွှတ်ခဲ့ရပါ တယ်။ မကြုံစဖူး သည်းထန်တဲ့မိုးကြောင့် ရေကြီးမြေပြိုမှုကြောင့် လူ ၁၅ ယောက် သေဆုံးပြီး ၉ ယောက်လည်း ပျောက်ဆုံးနေပါတယ်။  ရေတက်လာလို့ ခုမမိုတိုခရိုင်က သက်ကြီးစောင့်ရှောက်ရေးဂေဟာတခုမှာ ရေမနစ်ခင် သက်ကြီး ၁၄ ယောက် နှလုံးရပ် သေဆုံးခဲ့ပြီး သူတို့အပါ စုစုပေါင်း ၁၅ ယောက် သေဆုံးခဲ့တာလို့ ခရိုင်အုပ်ချုပ်ရေးမှူးကို ကိုးကားပြီး NHK သတင်းမှာ ဖော်ပြထားပါတယ်။ ရေကြီး မြေပြိုတာတွေ ထပ်ဖြစ်နိုင်လို့ တာဝန်ရှိသူတွေက ခုမမိုတိုနဲ့ ခါ့ငိုရှိမ ခရိုင်တွေက အိမ်ထောင်စု ၉၂၂၀၀ ကို နေအိမ်တွေကနေ စွန့်ခွာကြဖို့ ပြောခဲ့တယ်လို့ ကျိုဒိုသတင်းဌာနမှာ ဖော်ပြပါတယ်။ ဒေသတွင်း ကူမာမြစ်ရေလျှံခဲ့လို့ အိမ်တွေ အဆက်အသွယ် ပြတ်တောက်ကုန်ပြီး တံတား တစင်း ရေစီးနဲ့ မျောပါသွားတယ်လို့ နိုင်ငံပိုင်သတင်း NHK က ပြောပါတယ်။  ဒေသတွင်းမှာ အခုလို မိုးကြီးတာ တခါမှ မမြင်ဖူးဘူးလို့ ဆိုပါတယ်။ ဒေသတွင်းမှာ မိုးကြောင့် ရေကြီး မြေပြိုမှုတွေ ထပ်မဖြစ်အောင် သတိပေးတဲ့အနေနဲ့ မိုးလေဝသအခြေအနေကို အဆင့်မြင့်ဆုံး တပ်လှန့်ခဲ့တာပါ။ 
1 year Ago
Up