ကျူးကျော်ဝင်ရောက်သူ ၈ ဦး

May 12, 2020

ဗင်နီဇွဲလားနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်သူ ၈ ဦးကို ဖမ်းဆီး

ဗင်နီဇွဲလားနိုင်ငံထဲ မအောင်မြင်ခဲ့တဲ့ ကျူးကျော်ဝင်ရောက်မှုနဲ့ပတ်သက်ပြီး နောက်ထပ်လူ ၈ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဗင်နီဇွဲလားအစိုးရက ကြေညာလိုက်ပါတယ်။   အဲဒီဖမ်းဆီးမှုကို ဗိုလ်ချုပ်ကြီးဟာနန်ဒက်ဇ်လာရာက ကြေညာပြီး ဒူးထောက်ထားတဲ့ ဖမ်းဆီးခံတွေ ဘယ်သူဘယ်ဝါဆိုတာကို ကာကွယ်ရေးဌာနက ရုပ်သံဗွီဒီယို ထုတ်လွှင့်ခဲ့ပါတယ်။  မေ ၉ ရက်က အိုရင်နိုကိုမြစ်အတွင်း တပ်ဖွဲ့ဝင်တွေ ကင်းလှည့်ချိန်မှာ ကိုလံဘီယာ အပေါ့စား တိုက်ခိုက်ရေးလှေငယ် ၃ စီးကို စွန့်ပစ်ထားတာကို တွေ့ရှိသိမ်းဆည်းရမိတယ်လို့ ဗင်နီဇွဲလားစစ်တပ်က ပြောပါတယ်။ အဲဒီနောက်  ရက်အတော်ကြာမှာ အခုလို ဖမ်းဆီးခဲ့တာပါ။ အဲဒီလှေငယ်တွေမှာ စက်သေနတ်တွေနဲ့ ကျည်ခဲယမ်းတွေ ပါရှိပေမယ့် လှေဝန်ထမ်းတွေကို မတွေ့ရဘူးလို့ စစ်တပ်ထုတ်ပြန်ချက်က ဆိုပါတယ်။  ကနဦးစုံစမ်းချက်အရ အဲဒီလှေငယ်တွေဟာ ရေစီးအားနဲ့ မျောသွားခဲ့တယ်လို့ ကိုလံဘီယာရေတပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးကို ကိုလံဘီယာသမ္မတ အီဗန်ဒူကေး လုပ်ဆောင်တယ်လို့ ဗင်နီဇွဲလား သမ္မတ မာဒူရိုက မေ ၆ ရက်က စွပ်စွဲခဲ့ပြီး ကိုလံဘီယာသမ္မတကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
11 months Ago
Up