ကျူးကျော်နေသူ

A d v e r t i s e m e n t With Us

April 2, 2020

အိန္ဒိယတွင် အသွားအလာ ကန့်သတ်မှုကြောင့် ကျူးကျော်နေသူများ စားဝတ်နေရေး အခက်ကြုံ

အိန္ဒိယနိုင်ငံတဝန်းလုံး အသွားအလာ ကန့်သတ်မှု Lock down လုပ်ထားတာကြောင့် ကျူးကျော်ရပ်ကွက်နေ ပြည်သူတွေဟာ စားစရာမရှိသလို ဝယ်ဖို့လည်း ငွေမရှိကြတဲ့ အခက်အခဲ ကြုံတွေ့နေပါတယ်။     ဒေလီမြို့ အစွန်အဖျားက အန်နာနဂါ ကျူးကျော်ရပ်ကွက်မှာ နေထိုင်တဲ့ ဘာပါအီဟာ  အမှိုက်ပုံက ပစ္စည်းတွေလိုက်ကောက်ကာ ပြန်ရောင်းပြီး မိသားစု ၉ ယောက်ကို ရှာကျွေးနေတာပါ။ Lock down စကတည်းက  သူတို့မိသားစုဟာ အလုပ်အကိုင် မရှိ၊ စားစရာ မရှိ ဖြစ်နေပြီး  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာကိုလည်း စိုးရိမ်တယ်လို့ ဘာပါရီက ပြောပါတယ်။ ဒါ့အပြင် လူနေထူတဲ့  သူတို့ကျူးကျော်ရပ်ကွက်မှာ တဦးနဲ့တဦး ခပ်ခွါခွါ နေဖို့လည်း  ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာကို ထိန်းချုပ်ဖို့ နိုင်ငံတဝန်းလုံးမှာ သီတင်း ၃ ပတ်   အသွားအလာ ကန့်သတ်တာကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဝန်ကြီးချုပ်မိုဒီက ကြေညာခဲ့ပါတယ်။   ဒီဆုံးဖြတ်ချက်ဟာ သန်းနဲ့ချီတဲ့ အိန္ဒိယဆင်းရဲသားတွေကို ငတ်မွတ်စေပြီး ဘေးကျပ်နံကျပ် ဖြစ်စေပါတယ်။    အစိုးရက ဆင်းရဲသားတွေကို  ငွေကြေးနဲ့ စားနပ်ရိက္ခာ ထောက်ပံ့ဖို့ရာ အမေရိကန် ဒေါ်လာ  ၂၂ ဒသမ ၆ ဘီလီယံ ထောက်ပံ့ပေးမယ့် အစီအစဉ်တရပ်ကို မတ်လ ၂၆ ရက်က ကြေညာခဲ့ပေမယ့်  ကျူးကျော်နေ အများအပြားကတော့ အဲဒီထောက်ပံ့မှုကို မရကြသေးဘူးလို့ ဘာပါရီက ပြောပါတယ်။ “အစောပိုင်းတုန်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေလိမ့်လယ်။ အခုတော့ ငတ်လို့ သေလိမ့်မယ်” လို့ ဘာပါရီက ဆိုပါတယ်။
11 months Ago
Up