အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့က ကျူဘားသံရုံးမှာ ဧပြီ ၃၀ ရက် မနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် သံသယရှိသူတဦးကို အမေရိကန်အရာရှိတွေက ဖမ်းဆီးခဲ့ပါတယ်။
သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ မရှိဘူးလို့ ထောက်လှမ်းရေးအဖွဲ့က ပြောဆိုပါတယ်။
လူသတ်ရန် ကြံရွယ်ချက်နဲ့တိုက်ခိုက်တာဖြစ်ပြီး လိုင်စင်မဲ့သေနတ်၊ ကျည်ဆန် လက်ဝယ်ပိုင်ဆိုင်ထားတဲ့ လူတယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ထောက်လှမ်းရေးအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
သေနတ်ပစ်ခတ်တဲ့အကြောင်းရင်းကို သဲသဲကွဲကွဲ မသိရသလို ဝါရှင်တန်ဒီစီရဲတပ်ဖွဲ့ကို မေးကြားတဲ့အပေါ်မှာလည်း ချက်ချင်း မဖြေကြားခဲ့ပါဘူး။
ကျူဘားသံရုံး သေနတ်ပစ်ခံရတာကို ပြင်းပြင်းထန်ထန်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဟာဗားနားမှာရှိတဲ့ အမေရိကန် သံရုံးရှေ့မှာ လုပ်သွားမယ်လို့ ကျူဘားနိုင်ငံခြားရေးဝန်ကြီး နိုင်ငံပိုင်ရုပ်သံကနေ ပြောကြားပါတယ်။
10 months Ago