ကျူဘား

May 14, 2020

အမေရိကန် အကြမ်းဖက်နေဟု ကျူဘားထိပ်တန်းအရာရှိ စွပ်စွဲ

အမေရိကန်အစိုးရက ကျူးဘားအစိုးရကို နာမည်ပျက်စာရင်းထဲ ပြန်ထည့်ပြီးနောက်မှာ   အမေရိကန်ဟာ ကျူးဘားအပေါ် အကြမ်းဖက်နေတယ်လို့ ကျူးဘားထိပ်တန်း အရာရှိတစ်ဦးက စွပ်စွဲလိုက်ပါတယ်။  ၂၀၁၉ ခုနှစ်မှာ  ကိုဘံဘီယာနိုင်ငံက ရဲသင်တန်းကျောင်း တိုက်ခိုက်ခံရလို့ လူ၂၂ယောက် သေဆုံးပြီး အဲဒီတိုက်ခိုက်မှုဟာ  ELN  သူပုန်အဖွဲ့လက်ချက်ဖြစ်တယ်လို့   သူပုန်တွေက ပြောခဲ့ပါတယ်။  အဲဒီ ELN  သူပုန်ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးပွဲအဖြစ် ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားကို လာရောက်ခဲ့ပါတယ်။     သူပုန်ခေါင်းဆောင်တွေကို အစောင့်အရှောက်နဲ့ နေရပ်ပြန်ပို့ဖို့ အာမခံထားတဲ့  ဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေကို သူတို့အနေနဲ့ လေးစားရမယ်လို့ ကျူးဘားအစိုးရက ပြောခဲ့ပါတယ်။  ကျူးဘားဟာ အရင်တုန်းကလည်း ကိုလံဘီယာအစိုးရနဲ့  FARC(ဖားစ်) သူပုန်တွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်အောင် လက်ခံကျင်းပပေးခဲ့တဲ့အတွက်  ချီးကျူးမှုတွေ ရထားပါတယ်။   ကိုလံဘီယာ ELN  သူပုန်ခေါင်းဆောင်တွေကို  ပြန်လွှဲပေးဖို့ ကျူးဘားအစိုးရက ငြင်းဆိုတာကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကြိုးပမ်းချက်တွေအပေါ် အပြည့်အ၀ ပူးပေါင်းမှု မရှိတဲ့နိုင်ငံတွေ စာရင်းထဲ  ကျူဘားကို  အမေရိကန်က ပြန်ထည့်ခဲ့တာပါ။  မေလ ၁၃  ရက်မှာတော့ ကျူးဘားနိုင်ငံခြားရေးဌာန အမေရိကန်ရေးရာ ညွှန်မှူးက  ကျူးဘားဟာ အမေရိကန်ရဲ့အကြမ်းဖက်သားကောင် ဖြစ်နေတာ ကြာပြီလို့  တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။  ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်တုန်းက ဝါရှင်တန်မှာရှိတဲ့ ကျူးဘားသံရုံး သေနတ်ပစ်ခံရတာကို  အကြမ်းဖက်တိုက်ခိုက်မှုဆိုပြီး   ကျူးဘားအစိုးရက သတ်မှတ်ထားပါတယ်။ 
11 months Ago
Up