ကျုံးရေပြင်

August 15, 2020

မန္တလေး ကျုံးရေပြင်တွင် လူသေအလောင်းတွေ့ရှိ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်း ၆၆ လမ်းနဲ့ ၆၇ လမ်းကြားက ကျုံးရေပြင်မှာ သြဂုတ် ၁၄ ရက်မနက်က  လူသေအလောင်းတစ်လောင်း တွေ့ရှိခဲ့ပါတယ်။ လူသေအလောင်းကို စေတနာမေတ္တာကရုဏာ လူမှုကူညီရေးအသင်းက ဆယ်ယူပြီး မန္တလေးဆေးရုံကြီးကို ပို့ခဲ့ကာ သေဆုံးသူမှာ ပြင်ပဒဏ်ရာမတွေ့ရဘူးလို့ အမှတ် (၂) နယ်မြေရဲစခန်း က သိရပါတယ်။ သေဆုံးသူဟာ ခန့်မှန်း အသက် ၅၀ အရွယ်ခန့်ရှိပြီး တီရှပ် အဖြူကြားနဲ့ စတိုင်ပင်အညိုကို ဝတ်ထားကာ အမည်နဲ့ နေရပ်လိပ်စာသိရဖို့ သက်ဆိုင်ရာက စုံစမ်းနေဆဲ ဖြစ်ပါတယ်။ သေဆုံးဖြစ်စဉ်နဲ့ ပတ်သက်လို့ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် ဆက်လက်စစ်ဆေးဖို့ရာ အမှတ် (၂) နယ်မြေရဲစခန်းမှာ သေမှုသေခင်းဖွင့်ပြီး သြဂုတ် ၁၅ ရက်နေ့မှာ ရင်ခွဲစစ်ဆေးတာတွေ လုပ်သွားဖို့ရှိပါတယ်။ နိုင်လင်းဦး
1 year Ago
Up