ကျီးပင်ကုန်းဘုန်းကြီးကျောင်း

September 21, 2020

မိတ္ထီလာ ကျီးပင်ကုန်းဘုန်းကြီးကျောင်းထဲတွင် စစ်ကျန်လက်ပစ်ဗုံး ၁ လုံး တွေ့ရှိ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရေတွင်းဖြူရွာ ကျီးပင်ကုန်းဘုန်းတော်ကြီးကျောင်း စည်းရိုးချုံထဲမှာ စက်တင်ဘာ ၂၀ ရက်က စစ်ကျန် လက်ပစ်ဗုံးတစ်လုံး တွေ့ရတယ်လို့ မိတ္ထီလာအမှတ် ၃ ရဲစခန်း စခန်းမှူး ရဲအုပ်ဝင်းမြင့်ဦးက ပြောပါတယ်။ “သံချေးတက်နေတဲ့ လက်ပစ်ဗုံး ၁ လုံး တွေ့တာပါ။ အကြမ်းဖျင်းခေါ်တာတော့ နာနတ်သီးဗုံးလို့ ခေါ်တဲ့ လက်ပစ်ဗုံးပါ။ ဆရာတော်က စိုက်ပျိုးရေး ဝါသနာပါတယ်၊ ဘုန်းတော်ကြီးကျောင်းထဲမှာလည်း မြေကွက်လပ်လေးတွေ ရှိနေတော့ နံနံပင်လေးတွေ စိုက်ထားတယ်။ ကျောင်းစည်းရိုးနဲ့ စိုက်ခင်းနဲ့က ကပ်နေတာ၊ ဒါယကာတွေက ဆရာတော်ရဲ့ နံနံပင်စိုက်ခင်းကိုသွားကြည့်ရင်း ကျောင်းစည်းရိုးချုံထဲမှာ တွေ့တာပါ၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ကို အပ်လိုက်ပါတယ်” လို့ ပြောပါတယ်။ ဗုံးပတ်လည်မှာ အကွက်ကလေးတွေ ဖော်ထားပြီး စနက်တံမဖြုတ်ရသေးတဲ့ သံချေးတက်နေတဲ့ လက်ပစ်ဗုံးဖြစ်ပြီး အလျား ၄ လက်မ လုံးပတ် ၈ လက်မလောက် ရှိတယ်လို့ သိရပါတယ်။  သတင်း-မောင်မောင်လင်း
8 months Ago
Up