တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ကျီလင်းပြည်နယ်က မြို့နှစ်မြို့မှာ မေ ၁၃ ရက်က ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်မှုကို ထိန်းချုပ်ဖို့ ကန့်သတ်ချက်အသစ်တွေကို ချမှတ်လိုက်ပါတယ်။
ကျီလင်းမြို့ဟာ ကူးစက်မှုလှိုင်းသစ် ပေါ်ပေါက်ရာနေရာ ဖြစ်လာသလို အနီးဝန်းကျင် ရှူးလန်မြို့ဟာလည်း ဗိုင်းရပ်စ်အန္တရာယ်မှာ အလယ်အလတ်အဆင့်ကနေ မြင့်မားတဲ့အဆင့်ကို ရောက်ရှိလာပါတယ်။
မေ ၁၂ ရက်က ထုတ်ပြန်တဲ့ ကူးစက်သူ ၆ ယောက်မှာ ၅ ယောက်ဟာ ရှူးလန်မြို့ အတည်ပြုလူနာနဲ့ တိုက်ရိုက်ထိတွေ့သူတွေ ဖြစ်ပါတယ်။
ရှူးလန်မြို့မှာ ကူးစက်လူနာတွေ အစုလိုက် တွေ့ရှိရတယ်လို့ ဒေသကျန်းမာရေးကော်မရှင်က မေ ၁၃ ရက်မှာ သတိပေးချက် ထုတ်ပြန်လိုက်တာပါ။
ကျီလင်းပြည်နယ်ဟာ မြောက်ကိုရီးယား၊ ရုရှားတို့နဲ့ နယ်နမိတ် ထိစပ်နေပြီး ကျီလင်းမြို့ဟာ ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပါတယ်။
အခုအခါမှာတော့ ပြည်နယ်တွင်း ရထားပို့ဆောင်ရေးတွေကို ယာယီရပ်ဆိုင်းမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
11 months Ago