ကျီစုကျေးရွာ

May 29, 2021

ကြို့ပင်ကောက်မြို့နယ်တွင် ဗုံးတလုံးပေါက်ကွဲ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကျီစုကျေးရွာမှာ မေလ ၂၈ ရက်နေ့ည ၁၀ နာရီခွဲခန့်လောက်က ဗုံးတလုံးပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

ဒေသခံတစ်ဦးက "ည ၁၀ နာရီခွဲလောက်မှာ ပေါက်တာ ဒလန်အိမ်တွေရဲ့ အိမ်ရှေ့မှာပေါက်တာ။ အဲဒီနားမှာ ဒလန် ၃ ဦးရှိတယ်။ အသံတော့ကျယ်တယ် အသံဗုံးဖြစ်မယ်ထင်တယ်" လို့ DVB ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ညပိုင်းကလည်း ကြို့ပင်ကောက်မြို့နယ်အတွင်း ရန်ကုန်-ပြည် ကားလမ်းမကြီးဘေးက စစ်ပြန်ကြီးစားသောက်ဆိုင်မှာ ဗုံး ၂ လုံးပေါက်ကွဲပြီး၊ တချိန်တည်းမှာပဲ ကြို့ပင်ကောက်မြို့နယ် ပညာရေးမှူးရုံးက ကာယဒုဦးစီးမှူးအိမ်အနီးမှာ တလုံးပေါက်ကွဲခဲပါတယ်။

မေလ ၂၅ ရက်နေ့ ည ၁၀ နာရီလောက်ကလည်း ကျွဲဘီကျေးရွာအုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံခဲ့ရကာ မေလ ၂၄ ရက်ည ၇ နာရီခန့်ကလည်း ကြို့ပင်ကောက်ဆေးရုံရှေ့မှာ ထွန်စက်မောင်းပြီးပြန်လာတဲ့ အုတ်ဖိုမြို့နယ်၊ ဘုတလက်တန်းကြီးကျေးရွာက ကိုထက်ပိုင်စိုး ဟာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

8 months Ago
Up