ကျိုင်းတုံမြို့နယ်

A d v e r t i s e m e n t With Us

June 9, 2020

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၂၄၅၇၂၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်မှာ ကျပ်သိန်းပေါင်း ၂ သိန်းခွဲလောက်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးအလွဲသုံးမှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။ ဇွန် ၇ ရက် ညနေပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-လွိုင်မွေ-ဝမ်လုံးရွာလမ်းဆုံ မြို့ရှောင်လမ်းမှာ စိုင်းမန် မောင်းနှင်ပြီး စိုင်းကျောက် လိုက်ပါလာတဲ့ Vigo အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးနေတုန်း နောက်က လိုက်ပါလာတဲ့ Vigo အမျိုးအစား မော်တော်ယာဉ် ၂ စီးဟာ နောက်ပြန်လှည့်ပြေးသွားတယ်လို့ ဆိုပါတယ်။ လိုက်လံတားဆီးရာမှာတော့ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်မိုင်ရွာနားမှာ ကားပေါ်မှာ လူတွေမရှိဘဲ ရပ်တန့်ထားခဲ့တဲ့ ကားတစီးနဲ့ စိုင်းအွန်မောင်းနှင်ပြီး စိုင်းဟောင်နဲ့ အိုက်ရီလုံတို့လိုက်ပါလာတဲ့ ကားကို တားဆီးမိခဲ့တယ်လို့ ဆိုပါတယ်။ ကား ၃ စီးကို စစ်ဆေးရာမှာ ICE အလေးချိန် ၉၈ဝ.၉၈ ကီလို၊ ဘိန်းဖြူ ၃ ကီလိုနဲ့ စကားပြောစက် ၂ လုံးတို့ကို သိမ်းဆည်းမိခဲ့ပါတယ်။ သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား တယ်လို့ ဗဟိုကော်မတီထုတ်ပြန်ချက်အရ သိရပါတယ်။  ဓာတ်ပုံ-CCDAC
9 months Ago

March 18, 2020

ကျိုင်းတုံမြို့နယ်က အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြည့်လူနာ ၁ ဦးသေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံမြို့နယ်က စောင့်ကြည့်လူနာ အမျိုးသား ၁ ဦး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ မတ်လ ၁၇ ရက်က သေဆုံးခဲ့ပြီး သူ့ရဲ့ဓာတ်ခွဲနမူနာကို ရန်ကုန်က အမျိုးသား ကျန်းမာရေးဓာတ်ခွဲစစ်ဆေးတဲ့ဌာနကို ပေးပို့စစ်ဆေးဖို့လုပ်နေတယ်လို့ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ အဆိုပါစောင့်ကြည့်လူနာအမျိုးသားဟာ ရင်ကြပ်ရောဂါရှိလို့ ကျိုင်းတုံဆေးရုံမှာ သီးခြားခွဲထား ကုသပေးနေတဲ့သူဖြစ်ပြီးမြန်မာနိုင်ငံအတွင်းမှာပဲနေထိုင်သူလို့ ဆိုပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က “ရင်ကြပ်ရောဂါရှိတဲ့လူနာပါ။ ဖျားတယ်ချောင်းဆိုတယ်ဆိုတဲ့ အခါမှာ သီးခြားခွဲခြားထားတယ်။ နောက်ဓာတ်ခွဲနမူနာပို့ဖို့ စီစဉ်ဆောင်ရွက်နေတယ်။ အဲလိုဓာတ်ခွဲနမူနာ ယူပြီးတော့ မနေ့ညက ၉ နာရီခွဲလောက်က ဆုံးသွားတယ်။ မိုင်းခတ်ကလာတက်တာပါ။ သူကဘယ်မှ မသွားဘူး။ ချောင်းဆိုးတာ၊ ချမ်းတာလေးနဲ့ပဲ ရင်ကြပ်တာလည်းရှိတယ်။ နိုင်ငံခြားလည်း မသွားဘူး။ ရောဂါပိုး ရှိတဲ့လူနဲ့လည်း အနီးကပ်ထိတွေ့ဖူးခြင်းရာဇဝင်မရှိပါဘူး။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ထားတဲ့ဇယားအရ အဆုတ်အအေးပတ်တာ။ သူ့ရောဂါက ဗိုင်းရပ်စ်ကြောင့်လားဆိုတာ နိုင်ငံခြားကသူနဲ့ အနီးကပ်ထိတွေ့ဖူးတာမရှိပါစေ၊ စစ်ရမယ်လို့ လုပ်ငန်းလမ်းညွှန်ရှိပါတယ်။ လုပ်ငန်း လမ်းညွှန်အတိုင်းပဲလုပ်တာပါ” လို့ ပြောပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းခတ်၊ မိုင်းယောင်းဒေသတွေကနေ COVID-19 စောင့်ကြည့်သံသယလူနာ ၅ ယောက်ရှိခဲ့ပါတယ်။ ကျိုင်းတုံကသေဆုံးခဲ့တဲ့လူနာနဲ့မိုင်းယောင်းက စောင့်ကြည့်လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ဓာတ်ခွဲစစ်ဆေးဖို့စီစဉ်နေပြီး ကျန်တဲ့လူနာ ၃ ယောက်ရဲ့ ဓာတ်ခွဲစစ်ဆေးချက်က ရောဂါပိုးမရှိဘူးလို့ အဖြေထွက်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာလည်း COVID-19 သံသယအဖြစ် အမျိုးသားတဦး ကို တွေ့ထားပြီး သူ့ကိုစောင့်ကြည့်လူနာအဖြစ်သတ်မှတ်ထားတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်က ပြောပါတယ်။
12 months Ago
Up