ကျိုင်းကောင်အုပ်

May 26, 2020

အိန္ဒိယတွင် ကျိုင်းကောင်အုပ်များ ကျရောက်မှုကြောင့် လယ်ယာစိုက်ခင်းများ ပျက်စီး

အိန္ဒိယနိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ မေ ၂၄ ရက်နဲ့ ၂၅ ရက်က  ကျိုင်းကောင်အုပ်ကြီးတွေ ကျရောက်ခဲ့တာကြောင့် လယ်ယာစိုက်ခင်းတွေ ပျက်စီးခဲ့ပါတယ်။   အများအားဖြင့်  ကျိုင်းကောင်တွေကို ဥတာပရာဒေ့ရှ်၊ မာဒီယာပရာဒေ့ရှ်နဲ့ ရာဂျက်စသန် ပြည်နယ်ကြီးတွေမှာ  တွေ့မြင်ရတတ်ပါတယ်။  မေ ၂၄ ရက်က နိုင်ငံအလယ်ပိုင်း မန်ဆောမြို့မှာ ပိုးသတ်ဆေးတွေဖျန်းပြီး ကျိုင်းကောင်တွေကို ထိန်းချုပ်ခဲ့ပါတယ်။ သီးနှံတွေကို သေစေတဲ့ သီးနှံဖျက်ပိုးတမျိုး ဖြစ်တဲ့  ကျိုင်းကောင်တွေဟာ အစာရှာရင်း သီးနှံ၊ ဟင်းရွက်စိုက်ခင်းတွေနဲ့ သူတို့လမ်းကြောင်းမှာ မြင်မြင်သမျှ အရာတွေကိုကို ဖျက်ဆီးရာမှာ နာမည်ကြီးပါတယ်။ ဒါ့အပြင် ကျိုင်းကောင်တွေ ကိုက်ဖြတ်စားခဲ့တဲ့ အရွက်တွေကို ပြန်စားတဲ့ တိရစ္ဆာန်တွေဟာလည်း  ရောဂါပိုးကူးစက်ခံရပြီး ဝမ်းလျှောတတ်ပါတယ်။ ကျိုင်းကောင်တွေကို  အာဖရိကအရှေ့ပိုင်း၊ အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှဒေသတွေမှာ မြင်တွေ့ရတတ်ပါတယ်။   ဒါပေမဲ့  ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်နွှယ်တဲ့ မူမမှန်မိုးလေဝသဟာ ၂၅ နှစ်အတွင်း  မမြင်ဖူးတဲ့ အရေအတွက်နဲ့ ပိုးမွှားတွေ ရုတ်ခြည်းပေါ်လာအောင် အခြေအနေတွေကို ဖန်တီးပေးတယ်လို့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေက ပြောဆိုကြပါတယ်။
1 year Ago
Up