ကျိုင်းကောင်များကျ

December 10, 2020

တောင်အာဖရိကတွင် ကျိုင်းကောင်များကျရောက်ပြီး ကောက်ပဲသီးနှံများ ပျက်စီး

တောင်အာဖရိကနိုင်ငံရဲ့ မတူတဲ့ ဒေသတွေမှာ  လယ်ကွက် ၁၀၀ ကျော်မှာ အညိုရောင် ကျိုင်းကောင်တွေ အုပ်လိုက် ပြန့်ပွားနေလို့ ကောက်ပဲသီးနှံတွေ ပျက်စီးနေပါတယ်။  ဒီကျိုင်းကောင်တွေရဲ့ ဇာတိဟာ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ လွတ်လပ်တဲ့ ပြည်ထောင်စု ခရိုင်တွေပါဝင်တဲ့ တောင်အာဖရိကရဲ့ တဝက်တပျက် ခြောက်သွေ့ကန္တာရဆန်တဲ့ ကာရူး ဒေသတလွှားကပါ။  လယ်ကွင်းတွေမှာ သန်းချီတဲ့ အင်းဆက်တွေ ပျံသန်းနေပြီး မြက်နဲ့ ကောက်နှံပင်တွေကို ဖျက်ဆီးနေပုံကို တောင်အာဖရိက နိုင်ငံ့ရုပ်သံက ပြသပါတယ်။  ကျိုင်းကောင်တွေ ပျံနိုင်လောက်အောင် အရွယ်မရောက်ခင်မှာ မီးခိုးမှုတ်ပြီး ကူးစက်မှုကို ထိန်းချုပ်ဖို့ လယ်သမားတွေက ကြိုးစားနေပါတယ်။
4 months Ago
Up