ကျိုချွမ်ဂြိုဟ်တု လွှတ်တင်ရေးစခန်း

December 26, 2019

တရုတ်ပုဂ္ဂလိကကုမ္ပဏီတခုက Tansuo-1 ဒုံးပျံလွှတ်တင် 

တရုတ်နိုင်ငံရဲ့  ပုဂ္ဂလိက ကုမ္ပဏီ တခုက တီထွင်ထားတဲ့ စီးပွားဖြစ် အသေးစား ဒုံးပျံတစီးကို တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တု လွှတ်တင်ရေးစခန်းကနေ ဒီဇင်ဘာ ၂၅ ရက်က က အောင်အောင်မြင်မြင် လွှင့်တင်နိုင်ခဲ့ပါတယ်။ ဒီဒုံးပျံဟာ မိုးလေဝသလေ့လာရေး၊ အသေးစားမြေထုဆွဲအားစမ်းသပ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုဆိုင်ရာ စမ်းသပ်မှုတွေအတွက်ရည်ရွယ်ထားတဲ့ ဂြိုဟ်တု   ကို သယ်ဆောင်ထားပါတယ်။  တရုတ်ဘာသာနဲ့“ စူးစမ်းရှာဖွေခြင်း” လို့ အဓိပ္ပာယ်ရသည့် ထန်းစော်ယိ Tansuo-1 လို့နံမည်ပေးထားတဲ့ အဲ့ဒီဒုံးပျံကို  Beijing Space Trek နည်းပညာကုမ္ပဏီက တီထွင်ခဲ့တာဖြစ်ပြီး ကုမ္ပဏီရဲ့ ပထမဆုံး ပျံသန်းလွှတ်တင်မှု ဖြစ်ပါတယ်။ 
2 years Ago
Up