ကျိုက်ထီးရိုးတောင်ပေါ်က အမှိုက်များကို  မြေသြဇာအဖြစ်ပြန်လည်အသုံးချနေ

November 5, 2019

ကျိုက်ထီးရိုးတောင်ပေါ်၌ ရန်ပြုခဲ့သည့် ပျံကျစျေးသည်များကို တရားစွဲမည် 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ သမိုင်းဝင်ကျိုက်ထီးရိုးစေတီတောင်ပေါ်မှာ နိုဝင်ဘာ ၄  ရက် မနက်က ပျံကျစျေးရောင်းချနေသူတွေနဲ့ စေတီတော် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်အတက်လမ်းရှိ ခြင်္သေ့နှစ်ကောင်မုဒ်ဦးအဝ Mountain Top Hotel သွားရာလမ်းမှာ  ပျံကျစျေးသည်တွေ ဈေးမရောင်းဖို့ လိုက်လံသတိပေးတားမြစ်ရာက ပြဿနာစ ဖြစ်ပွားခဲ့ကြတာပါ။ ကျိုက်ထီးရိုးဘဏ္ဍာထိန်းဂေါပကအဖွဲ့ ခေါင်းဆောင် ဦးကျော်ဝင်းလှိုင်က “ စည်းကမ်း ထိန်းတွေက စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ တာဝန်ထမ်းဆောင် နေတဲ့အချိန်မှာ သူတို့က ရန်ပြုပြီးရိုက်နှက်ခဲ့တဲ့အပေါ် သာသနာညှိုးနွမ်းစေတာတွေလည်း ရှိနေပါတယ်။ ကျနော်တို့ဘက်က ၀တ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲဆိုသွားဖို့ရှိပါတယ်။” လို့ ဒီဗွီဘီကိုပြောပါတယ်။ အဲ့ဒီခိုက်ရန်ဖြစ်ပွားခဲ့မှုကြောင့် စေတီတော်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် ၁၂ဦး အရိုက်ခံရပြီး ၄ ဦး ဒဏ်ရာတွေရရှိခဲ့ကာ ပျံကျစျေးသည်တွေဘက်ကလည် လူအနည်းငယ်ထိခို က်ဒဏ်ရာရခဲ့ပါတယ်။ အခုလို ခိုက်ရန်ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ရုံးက  မွန်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ထံအ ကြောင်းကြားထားပြီး ရဲအင်အားထပ်မံဖြည့်တင်းကာ စောင့်ကြည့်သွားဖို့ရှိနေပါတယ်။ သတင်း- ယူမင်းစိုး
2 years Ago

October 16, 2019

ကျိုက်ထီးရိုးတောင်ပေါ်က အမှိုက်များကို  မြေသြဇာအဖြစ်ပြန်လည်အသုံးချနေ

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောင်ပေါ်ရှိ အမှိုက်ဖျက်ဆီးစက်ရုံကို ရောက်ရှိ လာတဲ့အမှိုက်တွေဟာ တစ်ရက်ကိုတန်ချိန်အားဖြင့် ၁၀တန်ကျော်ထိ ရှိနေပြီး မြေသြဇာအဖြစ်ပြန်လည်အသုံးချမှုက ၇၀ ရာခိုင်နှုန်းထိရှိနေတယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောင်ပေါ်ရှိ အမှိုက်ဖျက်ဆီးစက်ရုံကို ရောက်ရှိလာတဲ့ အမှိုက်တွေကို  မြေသြဇာအဖြစ်ထွက်ရှိတာ၊ ပလစ်စတစ်အဖြစ်ထွက်ရှိတာနဲ့ မီးရှို့ဖျက်ဆီးတာအပါအဝင် အပိုင်း၃ပိုင်း ခွဲခြားထားတယ်လို့ လည်း သိရပါတယ်။ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်  ရင်ပြင်ပေါ်အမှိုက်ကင်းစင်မှုမှာ အရင်ကနဲ့မတူဘဲ အများကြီးပြောင်းလဲသွားတယ်လို့ ဘုရားဖူးလာသူတွေက ပြောပါတယ်။ အမှိုက်ကင်းစင်သန့်ရှင်းရေးအတွက် အပတ်စဉ်တနင်္လာနေ့မှာ စေတီတော်သန့်ရှင်းရေး ဝန်ထမ်းတွေ၊ အင်္ဂါနေ့မှာ ရိုးရိုးလေးအဖွဲ့တွေ၊ ဗုဒ္ဓဟူးနေ့မှာ ဈေးသူ/ဈေးသားအဖွဲ့တွေ၊ ကြာသပတေးနေ့မှာ ဗဟိုပရဟိတအဖွဲ့တွေနဲ့ သောကြာနေ့မှာ နယ်မြေခံတပ်ရင်း ၉၆ မိသားစုတို့က လာရောက်ကူညီ ဆောင်ရွက်ပေးနေကြပါတယ်။ ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်တစ်ဝိုက်မှာ အမှိုက်ကင်းစင်ပပျောက်ဖို့အတွက် သန့်ရှင်းရေးဝန်ထမ်း တိုးချဲ့ကာဆောင်ရွက်လုပ်ကိုင်နေပြီး အပတ်စဉ်စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ဘုရားဖူးပြည်သူတွေအများဆုံးလာရောက်ကြတဲ့အတွက် ကျန် ၅ ရက်မှာသာ နေ့စဉ် အမှိုက်ကောက်မှုတွေပြုလုပ်နေတယ်လို့ စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး တာဝန်ရှိသူ တဦးက ပြောပါတယ်။ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတောင်ပေါ်ကအမှိုက်တွေကို ဖျက်ဆီးဖို့အတွက် စေတီတော် ရင်ပြင်အနီး ဆီမီး ၉၀၀၀ ဓမ္မာရုံအနောက်ဘက်မှာ ငွေကျပ်သိန်း ၄၈၀၀ ကျော် အကုန်ကျခံ တည်ဆောက်ထားတဲ့ အမှိုက်ခွဲခြား သန့်စင်စက်ရုံနဲ့ မုဆိုးတောင်အနီးက အလှူရှင် တဦး လှူဒါန်းထားတဲ့ အမှိုက်မီးရှို့စက်တို့နဲ့ ဖျက်ဆီးပါတယ်။  သတင်း - ယူမင်းစိုး
2 years Ago
Up