ကျားပေါက်

A d v e r t i s e m e n t With Us

October 26, 2020

ကျားပေါက်သီဆိုသည့် “ကြောက်ခေတ်”မဲဆွယ်သီချင်း အွန်လိုင်းပေါ် နာမည်ကြီးနေ (ရုပ်သံ)

       “ငါ့မှာ ကြောက်တတ်တဲ့ အကျင့်ဟာ မွေးရာပါပဲ… ဘာဆိုဘာမှ မလုပ်တတ်သေး ခင် ကြောက်တတ်ရတယ်… ဘာမှမဖြစ်သေးဘူး… တို့လူမျိုးဟာ ကြောက်တော့တာပဲ… ဘာကြောက်နေလဲ… အဲလိုမေးတယ်… မကြောက်လို့ရမလား… သားရီးရဲ့… သူတို့မှာ ဗျောက်တွေနဲ့… ဗျောက်တွေနဲ့”        ဒါကတော့ လတ်တလော အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေပန်း စားနေတဲ့ ကျားပေါက်ရဲ့ မဲဆွယ်သီချင်းတပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။        “ကြောက်ခေတ်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ကျားပေါက်က အဲန် အယ်လ်ဒီပါတီ မဲဆွယ်ကမ်ပိန်းသီချင်းတပုဒ်အနေနဲ့ ကိုယ်တိုင်ရေးသား သီဆိုထားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ထူးခြားတဲ့ဟန်နဲ့ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။        ကျားပေါက်(ခ)ဟန်ထူးလွင်ဟာ နာမည်ကြီးအဆိုတော် ရင်ဂိုရဲ့ မျိုးဆက်ရင်သွေး တယောက်ဖြစ်ပြီး ဖခင်နဲ့ မတူညီတဲ့ ဆူညံပေါက်ကွဲလွယ်တဲ့ ပန့်ခ်အမျိုးအစား သီချင်း တွေနဲ့ ဆယ်ကျော်သက်အရွယ်ကတည်းက Big Bag တေးဂီတအဖွဲ့နဲ့အတူ အနုပညာ လမ်းကြောင်းပေါ် ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။     ပန့်ခ်အကြောင်းအပြောနဲ့၊ အားလုံးအတွက်ပန့်ခ်၊ AD 3000၊ တယ်လီပန်ခ့်စတဲ့ တ ကိုယ်တော် တေးအယ်လ်ဘမ်တွေကစလို့ ထင်ရှားတဲ့ သီချင်းပေါင်းများစွာကို ရေးသား သီဆိုအောင်မြင်ခဲ့တဲ့ ကျားပေါက်ဟာ ဝါသနာပါရာ စာပေရေးသားမှုတွေ၊ ပန်းချီဆွဲတာ တွေကိုလည်း လုပ်ဆောင်နေသူတယောက်ပါ။        “နိုင်ငံရေး မပြောရဲရာက အခု အစိုးရကိုဆဲ… ဘာမှမလုပ်ရဲတဲ့ ငနဲဟာ… အခု တော့ သတ္တိတွေနဲ့… မင်းတို့တွေ မကြောက်ရတော့အောင် ဘယ်သူလုပ်ပေးခဲ့တာလဲ… အဖြေက ရှင်းရှင်းလေး… ဉာဏ်တွေ မနည်းကြပါနဲ့… ငါတောင်းပန်တယ်… နောက်တ ခေါက် ခွေးတွေ မဖြစ်ပါရစေနဲ့… ဆင်ဆာလူကြီး ဘောလည်း… မ,မနိုင်လောက်တော့ ဘူးရယ်… လူကြီးရဲ့ သမီး ယောင်းမ အဖိုးဆယ်ဝမ်းကွဲဆိုလည်း… ဘာကြောက်နေလဲ… အဲလိုမေးတယ်… မကြောက်လို့ရမလား… သားရီးရဲ့… သူတို့မှာ ဗျောက်တွေနဲ့… ဗျောက်တွေနဲ့”        ကျားပေါက်ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် မျှဝေထားခဲ့တဲ့ ဒီသီချင်းရုပ်သံကိုတော့ နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သိန်းခွဲနီး ပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။
3 months Ago

May 27, 2020

ဓီရာမိုရ် ရေးပြီး Rဇာနည်နှင့် အနုပညာရှင်မောင်နှမများ သီဆိုသည့် “ကျေးဇူးတရားရဲ့ပဲ့တင်သံ” သီချင်း (ရုပ်သံ)

“ထမင်းတပွဲ ကိုယ့်အရှေ့ရောက်တော့ စဉ်းစားမိ… ထွန်ယက်စိုက်ပျိုး… ရိတ်သိမ်း သယ်ပိုးနဲ့… အဆင့်ပေါင်းများစွာ… အချိန်ပေါင်းများစွာ… လူပေါင်းများစွာ… ဟေး… ဘဝတခုရဲ့ နေရာအသီးသီးမှာ… လောကရဲ့ နေရာအသီးသီးမှာ… လှုပ်ရှားနေတဲ့ ကာယ ဉာဏ လူသားတွေများစွာ… အပြန်အလှန်ကူညီခြင်းရဲ့ သဘောနဲ့ လည်ပတ်တဲ့ ကမ္ဘာ… အရာရာကို တန်ကြေးတခုတည်းနဲ့ တန်ဖိုးဖြတ်မရ… နံရံတံတိုင်းမရှိသော မေတ္တာတရား” ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ အကျိုးပြုသီချင်းတပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစားနေခဲ့ပါတယ်။ “ကျေးဇူးတရားရဲ့ ပဲ့တင်သံ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ နာမည်ကြီး ဂီတပညာရှင် အကယ်ဒမီ ဓီရာမိုရ်က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး အနုပညာမောင်နှမတွေဖြစ်ကြတဲ့ R.ဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်၊ Big Bag၊ ဝေလ၊ အောင်ထက်၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ နီနီခင်ဇော်တို့က သီဆိုပေးထားကြတာ ဖြစ်ပါတယ်။ “ကျေးဇူးတရား… ပဲ့တင်သောအရာ… စာနာကူညီဖေးမ မြင့်မြတ်တဲ့ ရောင်ပြန် များ… ကျေးဇူးတရား… အနှိုင်းမဲ့သောအရာ… တခါတလေ မမြင်တတ် မသိတတ် မေ့တတ်တဲ့ နောက်ကွယ်မှာ” အသက် ၄၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဂီတပညာရှင် ဓီရာမိုရ်ဟာ လက်ရှိ အမျိုး သားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး အနုပညာ တေးရေး၊ တေးဆို၊ ဂီတအနုပညာလုပ်ငန်းတွေကို လုပ်ဆောင်နေသူ တယောက်ဖြစ်ပါ တယ်။ သူဂီတမှူးအနေနဲ့ တာဝန်ယူခဲ့တဲ့ ဇော်ကကနေသည်၊ လူးရတနာသိုက် ရုပ်ရှင် ကားတွေနဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီ နောက်ခံတေးဂီတဆုတွေ ရရှိထားသူ ဖြစ်ပါတယ်။ ခုဖန်တီးပုံဖော်လိုက်တဲ့ သီချင်းမှာလည်း NUAC Orchestra တီးဝိုင်းရဲ့ မြိုင်ဆိုင်တဲ့ ပံ့ပိုးမှုနဲ့ ပုံစံတမျိုးနဲ့ ထူးထူးခြားခြား ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ “သံသရာမှာ လည်ပတ်နေသမျှ… အရာအားလုံးမှာ… အနွေးထွေးဆုံးသော အရာ … အလင်းလက်ဆုံးသောအရာ… ကျေးဇူးတရား… ရေး… သေးငယ်တဲ့ မိုးစက်ငယ်လေး က ပန်းလေးတပွင့် ပွင့်နိုင်တယ်… ဖြူစင်တဲ့ အားပေးကူညီခြင်းက အပြုံးပန်းများ ပွင့်နိုင် တယ်” လတ်တလောကာလဟာ ကမ္ဘာ့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာလည်း COVID-19 ကပ်ဘေးနဲ့ ရင်ဆိုင်နေကြရချိန်ဖြစ်ပြီး အခက်အခဲတွေကြား ကာကွယ်ကုသရေးလုပ်ငန်း တွေမှာ ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်နေကြရတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ စေတနာရှင် ပြည်သူတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ အလှူရှင်တွေအတွက် တန်ကြေးနဲ့ တန်ဖိုးဖြတ်မရတဲ့ စာနာကူညီဖေးမမှု ကျေးဇူးတရားကို ဂုဏ်ပြုတဲ့ သီချင်းတပုဒ် အနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ Xenon Entertainment က ထုတ်လုပ်လိုက်တာဖြစ်ပြီး သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။
8 months Ago
Up