ကိုလံဘီယာနိုင်ငံနဲ့ အီကွေဒေါ နယ်စပ်က ကိုလံဘီယာပိုင်နက်တောင်ပိုင်းမှာ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ဖို့ အစိုးရရဲ့ အမိန့်တွေကို ချိုးဖောက်မှုအတွက် တိုင်းရင်းသား လူ့အဖွဲ့အစည်းတွေထဲမှာ ကျင့်သုံးတဲ့ ဥပဒေအရ ကျာပွတ်နဲ့ ရိုက်နှက် အပြစ်ပေးနေပါတယ်။
ကိုလံဘီယာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အယောက် ၅၀၀၀ နီးပါးရှိပြီး ကူးစက်ခံ ၂၂၅ ယောက် သေဆုံးခဲ့ပြီးပါပြီ။
ဒါကြောင့် ကူးစက်မှု ဟန့်တားရေးအတွက် မတ် ၂၅ ရက်က စပြီး မေ ၁၁ ရက်ထိ အသွားအလာ ကန့်သတ် ပိတ်ဆို့ထားပါတယ်။
‘စည်းကမ်းချိုးဖောက်ရင် သူ့လူ့အဖွဲ့စည်းထဲက လူတွေကိုရော တိုင်းရင်းသား မဟုတ်သူ တွေကိုပါ လူမရွေးဘဲ ပြစ်ဒဏ်ပေးတယ်၊ ပြီးရင် ရဲလက်ကို အပ်လိုက်တယ်” လို့ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ တိုင်းရင်းသားခေါင်းဆောင် ပါဘလို တိုင်မယ်လ်က ရှင်းပြပါတယ်။
ပြည်လုံးကျွတ် အသွားအလာ ကန့်သတ်ထားချိန်မှာ ခြွင်းချက်ကို မလိုက်နာဘဲ ရဲတွေက လူတွေကို လမ်းပေါ်မှာ တွေ့ရင် ဒဏ်ငွေ တပ်နေပါတယ်။
ဒါ့အပြင် ကပ်ဘေးစီမံရေး ဥပဒေအရ ထောင်ဒဏ် လေးနှစ်ကနေ ခြောက်နှစ်ထိ ကျခံရ နိုင်ပါတယ်။
10 months Ago