ကျမ်းသစ္စာကျိန်ဆိုပွဲ

A d v e r t i s e m e n t With Us

January 20, 2021

အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ၌ လေဒီဂါဂါနှင့် ဂျနီဖာလိုပက်ဇ်တို့ ဖျော်ဖြေမည်

ရွေးကောက်ခံ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် မြို့တော်ဝါရှင်တန်ရှိ အောက်လွှတ်တော်အနားက ကွင်းပြင်ကြီးမှာ အမေရိကန် အလံ ၂ သိန်းလောက်ကို ဇန်နဝါရီ ၁၈ ရက်ကစပြီး စိုက်ထူထားပါတယ်။ အလံကွင်းထားတာဟာ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ရွေးထားတဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ညီညွတ်သော အမေရိကန်အတွက် အစိတ်အပိုင်းတရပ်လို့ အခမ်းအနားကျင်းပရေး ကော်မတီက ကြေညာပါတယ်။ ကမ္ဘာကျော် ပေါ့ပ်အဆိုတော် လေဒီဂါဂါနဲ့ ဂျနီဖာလိုပက်ဇ်တို့ကလည်း အခမ်းအနားမှာ ဖျော်ဖြေဖို့လည်း စီစဉ်ထားပါတယ်။ အမေရိကန်ရဲ့ ၄၆ ယောက်မြောက် ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ပထမဆုံး အမျိုးသမီး ဒုသမ္မတ ဟာရစ်တို့ဟာ အမေရိကန် အောက်လွှတ်တော်မှာ ဇန်နဝါရီ ၂၀ ရက်မှာ ကျမ်းသစ္စာ ကျိန်ဆိုမှာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခမ်းအနားတက်မယ့်သူ စာရင်းကို ကန့်သတ်ထားပြီး ပွဲစဉ် အများအပြားကို အွန်လိုင်းကနေ ကျင်းပမယ်လို့ မီဒီယာတွေက အစီရင်ခံထားပါတယ်။
1 week Ago

January 13, 2021

ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် လုံခြုံရေးအင်အား ၁၅၀၀၀ ချထားမည်

အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဇန်နဝါရီ ၂၀ ရက် ရာထူးလက်ခံ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ရဲတပ်ဖွဲ့ဝင် အင်အား ၁၅၀၀၀ အအထိ တိုးမြှင့်ချထားပြီး အသုံးစရိတ်ကိုလည်း တိုးမြှင့်သွားမယ်လို့ စီမံရေးမှာပါဝင်သူရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အမေရိကန် ထောက်လှမ်းရေးနဲ့ တန်ပြန်ထောက်လှမ်းရေးဌာနက ဦးစီးတဲ့ အားထုတ်မှု အတွင်း လေးနှစ်တကြိမ် ကျင်းပတဲ့ သမ္မတကျမ်းကျိန်ပွဲကို ပိုအားဖြည့်မယ်။ ဒါဟာ ရာထူးက ဆင်းပေးရတော့မယ့် သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသေူတွက သွေးစွန်းတဲ့အထိ စီးနင်းခဲ့တဲ့ အောက်လွှတ်တော်ကိုပါ ထုံးတမ်းစဉ်လာအရ စီစဉ်တာထက် ပိုပြီး လုံခြုံရေး စီမံမယ်လို့ သိရပါတယ်။ ကနဦး စီစဉ်ထားတာထက် သီတင်းပတ် တပတ်ပိုစောပြီး အထူးလုံခြုံရေးအစီအစဉ်တွေကို စမယ်လို့ အမေရိကန် တန်ပြန်ထောက်လှမ်းရေးဌာနက ပြောပါတယ်။ ကျမ်းကျိန်ပွဲမတိုင်မီ ဝါရှင်တန်ဒီစီမှာ စောင့်ကြပ်မယ့် ထောင်ချီတဲ့ အမျိုးသားအစောင့်တပ်က တပ်ဖွဲ့ဝင်တွေကိုလည်း လက်နက်တွေ တပ်ဆင်ပေးသွားမယ်လို့လည်း အမေရိကန်အရာရှိ ၂ ဦးက ပြောပါတယ်။
2 weeks Ago
Up