ကျပ် ၄၀၀၀၀ ထပ်မံပံ့ပိုးပေးမည်

November 10, 2020

အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစုကို ကျပ် ၄၀,၀၀၀ နှုန်း ထပ်မံပံ့ပိုးပေးမည် 

အခြေခံလူတန်းစားတွေအတွက် အိမ်ထောင်စုတစုကို ကျပ် ၄၀၀၀၀ နှုန်း  ထပ်မံ ပံ့ပိုးပေးဖို့ စီစဉ်နေတယ်လို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတွေဆီက သိရပါတယ်။ ဒါက ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက်  အစိုးရရဲ့ စတုတ္တအကြိမ်မြောက် ပံ့ပိုးမှုအစီအစဉ်ဖြစ်ပါတယ်။  နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အခြေခံလူတန်းစားတွေအတွက် ပံ့ပိုးမှုအစီအစဉ်ကို အခု သီတင်းပတ်ကနေ စတင်လုပ်ဆောင်သွားမယ်လို့ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၉ ရက်နေ့က ကိုဗစ်-၁၉ အခြေအနေနဲ့ ပက်သက်ပြီး ပြည်သူကို ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အခုလိုပံ့ပိုးပေးရာမှာ ပထမအကြိမ်က ကောက်ခံထားတဲ့ အိမ်ထောင်စုစာရင်းတွေကို အခြေခံပြီး၊ ထပ်မံ စီစစ်ဆာင်ရွက်ထားတဲ့ စာရင်းအတိုင်း ပံ့ပိုးပေးသွားမယ်လို့ မင်္ဂလာတောင်ညွှန့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ပြောပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း အခြေခံလူတန်းစားတွေကို ပထမအကြိမ် ထောက်ပံ့မှုအနေနဲ့ ရိံက္ခာငါးမျိုးကို လူဦးရေ ၅ ဒသမ ၃ သန်းထိ အစိုးရက ဖြန့်ဝေပေးခဲ့ပါတယ်။  အဲဒီနောက် ဒုတိယအကြိမ်မှာ တစ်အိမ်ထောင်ကို ငွေကျပ် ၂၀,၀၀၀ နှုန်းနဲ့  အိမ်ထောင်စုပေါင်း ၅ ဒသမ ၄ သန်းကျော်၊ တတိယအကြိမ် မြောက်မှာလည်း တစ်အိမ်ထောင်ကို ငွေကျပ် ၂၀,၀၀၀ နှုန်းနဲ့  အိမ်ထောင်စုပေါင်း ၅ ဒသမ ၆ သန်းကျော်ကို ပံ့ပိုးပေးခဲ့ပါတယ်။  သတင်း- စိုးချစ်ချစ်ပိုင်
2 years Ago
Up