ကျပ်သိန်း ၄၀၀၀

A d v e r t i s e m e n t With Us

August 10, 2020

လောက်ကိုင်နှင့် လွိုင်လင်တွင် ကျပ်သိန်း ၄၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

ရှမ်းပြည်နယ် လောက်ကိုင်မြို့နဲ့ လွိုင်လင်မြို့နယ်တို့မှာ ငွေကျပ်သိန်း ၄၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ထဲရေးက သြဂုတ် ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဩဂုတ် ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လောက်ကိုင်မြို့၊ အမှတ် ၃ ရပ်ကွက်၊ စွမ်းဖုန်းလမ်းရှိဟိုတယ်အားရှာဖွေရာ လော်ချိန်ရိန်း၊ လီကျားနိမ်နဲ့ လီဖားမင်တို့ ၃ ဦးနဲ့အတူ ငွေကျပ်သိန်း ၂,၀၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၈,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပါတယ်။ အလားတူ လွိုင်လင်မြို့နယ်မှာလည်း ငွေကျပ်သိန်း ၂,၁၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီလောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်းမှာ မောင်ထွန်းမောင်းနှင်ပြီး ထွန်းရွှေ၊ အူသက်ကျန်းနဲ့ ကျော်စိုး(ခ)ရိုဆန်ကူးမား(ခ) ဘီနိုကူးမားတို့ လိုက်ပါလာတဲ့ Mark II အမျိုးအစားမော်တော်ယာဉ်အားရပ်တန့်ရှာဖွေရာက မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တာပါ။ ယာဉ်အတွင်း ဘိန်းဖြူ ၇ ဒ ၄၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈,၀၀၀ ပြား၊ မြန်မာငွေ ၂၈၅,၀၀၀  ကျပ်နဲ့ လက်ကိုင်ဖုန်း ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးမိခဲ့တဲ့သူတွေကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဉပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
7 months Ago

December 17, 2019

ချုံရှင်းခ ကျပ်သိန်း ၄၀၀၀ ကုန်ကျသည့်ကိစ္စ ဌာနမှတ်တမ်းမရှိဟု ထားဝယ် လေဆိပ်တာဝန်ခံ ထွက်ဆို 

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်ရဲ့ အမှုကို  အကြိမ် ၄၀ မြောက်အဖြစ် တိုင်းတရားရုံးမှာ ဒီဇင်ဘာ ၁၆ ရက်က ရုံးထုတ်စစ်ဆေးရာမှာ   ထား၀ယ်လေဆိပ်တာ၀န်ခံကို စစ်ဆေးခဲ့ပါတယ်။  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း ၀န်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်နဲ့ GGSကုမ္ပဏီ တာ၀န်ရှိသူ ၃ ဦးကို မနေ့က ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ ထား၀ယ်လေဆိပ်တာ၀န်ခံဦးမြင့်လှိုင်ဦးကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ဦးမြင့်လှိုင်ဦးဟာ အရင် ထား၀ယ်လေဆိပ်တာ၀န်ခံ ဦးထွန်းထွန်း၀င်းဆောင်ရွက်ခဲ့တဲ့ ၃ နှစ် ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်တွေကို လေ့လာခဲ့ရာမှာ ဦးထွန်းထွန်း၀င်းလက်ထက်က ၂ ကြိမ် လေဆိပ်ချုံရှင်းတဲ့လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း  ဦးမြင့်လှိုင်ဦးက တရားခွင်မှာ ထွက်ဆိုပါတယ်။ အခုအခင်းဖြစ်နေတဲ့ ကျပ်သိန်း ၄၀၀၀ နဲ့ ထား၀ယ်လေဆိပ် ချုံနွယ်ရှင်းလင်းတဲ့ ကိစ္စကိုတော့  ဦးမြင့်လှိုင်ဦးက မသိပါဟု တရားခွင်မှာ ထွက်ဆိုခဲ့သလို ဌာန မှတ်တမ်းမှာလည်း မရှိလို့ မသိခြင်း ဖြစ်တယ်လို့ ထွက်ဆိုသွားပါတယ်။ ထားဝယ်လေဆိပ် ချုံရှင်းရာမှာ ပထမ ၃၄ ဒသမ ၈၉ ဧကကို ၁ ဧကလျှင် ၂၀၀၀၀ ကျပ်နှုန်း၊ ဒုတိယ စတုရန်းပေ ၂၄၀၀၀၀ ကို ၁ စတုရန်းပေလျှင် ၁၆၆ ကျပ်နှုန်းနဲ့ ခွင့်ပြုလုပ်ကိုင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၆ခုနှစ်က တနင်္သာရီတိုင်းဒေသကြီးအစိုးရက F22 Sunny ဆောက်လုပ်ရေးကုမ္ပဏီအား ထား၀ယ်လေဆိပ် ချုံနွယ်ရှင်းလင်းခြင်းလုပ်ငန်းကို တာ၀န်ပေး ဆောင်ရွက်စေခဲ့ပြီး ငွေကျပ်သိန်း ၄၀၀၀ သုံးစွဲခဲ့တယ်လို့ စွပ်စွဲခံရတာပါ။ မနေ့က တရားခွင်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ညွှန်ကြားရေးမှူး သန်းဇော်၀င်းကိုလည်း ရုံးခေါ်သက်သေအဖြစ်စစ်ဆေးခဲ့တယ်လို့ တနင်္သာရီတိုင်း တရားလွှတ်တော်  တရားရေးဦးစီးမှူးဒေါ်အေးအေးသန်းက ပြောပါတယ်။ တရားလိုပြသက်သေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုညွှန်မှူးဟောင်း ဦးကောင်းစံဦးကို စစ်ဆေးဖို့ ချိန်းထားပေမယ့် ကျန်းမာရေးမကောင်းလို့ မလာရောက်နိုင်တဲ့အတွက်  ဒီဇင်ဘာ ၂၇ ရက်ကို ရုံးချိန်း ပြန်လည်ချိန်းဆိုထားပါတယ်။ တင့်လွင်
1 year Ago
Up