ကျပ်သိန်း ၃၂၀၀

A d v e r t i s e m e n t With Us

December 5, 2020

ကျိုက်ထိုတွင် ငွေကျပ်သိန်း ၃၂၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ငွေကျပ်သိန်း ၃၂၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ ရက်နေ့ ၁၇:၄၅ အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၀င်တွေ ပါ၀င်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၊ရန်ကုန်-မော်လမြိုင်သွားကားလမ်းမှာမော်တော်ယာဉ်တွေ အား ရှာဖွေစစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာပါ။ စစ်တောင်းတံတားဘက်မှ ကျိုက်ထိုမြို့ဘက်ကို ဆီဆိုင်မြို့နယ်၊ နောင်ထောင်ကျေးရွာနေ အောင်ကျော်သောင်း(ခ)ကျော်သောင်း မောင်းနှင်ပြီး လွိုင်ကော်မြို့နယ်၊ ချီကယ်ကျေးရွာနေ အောင်ကျော်လင်း စီးနင်းလိုက်ပါလာတဲ့ မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှာ သိုဝှက်သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၇၈၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၂၃၄ သိန်း) နဲ့ လက်ကိုင်ဖုန်း ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။ သိမ်ဇရပ်နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေနဲံ အမှုဖွင့်အရေးယူပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးတယ်လို့ ထုတ်ပြန်ထားပါတယ်။
3 months Ago
Up