ကျပ်သိန်း ၂၈၅၀

December 25, 2020

ဘုရားကြီးမြို့တွင် ငွေကျပ်သိန်း ၂,၈၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့မှာ ငွေကျပ်သိန်း ၂,၈၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ  ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီမှာ သက်သေတွေနဲ့အတူ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ပဲခူး-ဝေါသွားကား လမ်း ရွှေသံလွင်ပူးပေါင်းစစ်ဆေးရေးစခန်းမှာ ဘုရားကြီးမြို့ဘက်ကနေ ဝေါမြို့ဘက်ကို စောနိုင် နှစ်မောင်းနှင်ပြီး စိုင်းကောလိန္ဒ လိုက်ပါလာတဲ့ Probox အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တာပါ။ ယာဉ်ပေါ်မှာ သိုဝှက်သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၂၈၅၀) နဲ့ လက်ကိုင်ဖုန်း ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ပါတယ်။ ဘုရားကြီးနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
10 months Ago
Up