ကျပ်သိန်း ၁၅၀၀၀

July 1, 2020

အောင်ဘာလေထီ ကျပ်သိန်း ၁၅၀၀၀ ဆုကို ကနီမြို့နယ် ဝရာကျေးရွာသား ဆွတ်ခူး 

၁၇ ကြိမ်မြောက် အောင်ဘာလေထီရဲ့ အမြင့်ဆုံး ကျပ် သိန်းတစ်သောင်းခွဲဆုကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဝရာကျေးရွာနေ  ကိုသောင်းထိုက်လင်းဆိုသူက ဆွတ်ခူးရရှိပါတယ်။ မုံရွာမြို့၊ ရဲတိုက်တန်းမှာရှိတဲ့ အောင်ဆုထူးပိုင်ထီဆိုင်ကတဆင့် ဆွတ်ခူးရရှိခဲ့တာပါ။ လတ်တလောမှာတော့ ဆက်သွယ်ထားဆဲဖြစ်ပြီး မိသားစုတွေကတော့ ဝမ်းသာနေကြတယ်လို့ ထီဆိုင်ပိုင်ရှင်က ပြောပါတယ်။  မုံရွာမြို့အောင်ဆုထူးပိုင် ထီဆိုင်ပိုင်ရှင် ဦးစိုးဝင်းက အရင်ကလည်း ထီလက်ကျန်ကနေ သိန်းတစ်သောင်းဆု ပေါက်ခဲ့ဖူးပါတယ်။
11 months Ago
Up