ကျပ်သန်း ၈၀၀၀

A d v e r t i s e m e n t With Us

January 23, 2021

ကိုဗစ်ဆေးဝယ်ယူရန် အလှူငွေကျပ်သန်း ၈၀၀၀ ခန့်နှင့် ကန်ဒေါ်လာ ၇ သောင်းကျော် ထပ်ရ

ကိုဗစ်ကာကွယ်ဆေးဝယ်ယူဖို့ အလှူငွေ ကျပ်သန်း ၈၀၀၀ လောက်နဲ့ အမေရိကန်ဒေါ်လာ ၇ သောင်းကျော် ထပ်ရတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၄ ရက်ကနေ ၂၀ ရက်အထိ တပတ်အတွင်းမှာ ပြည်တွင်း ပြည်ပအလှူရှင်တွေက မြန်မာငွေ ကျပ်သန်း ၇၆၅၄ ဒသမ ၄၈၃ သန်းနဲ့ အမေရိကန်ဒေါ်လာ ၇၁၅၂၈ ထပ်ပြီး လှူဒါန်းတာလို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာပါ။ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှု ဆပ်ကော်မတီကို ဒီဇင်ဘာ ၃၀ ရက်က ဖွဲ့စည်းလိုက်တာဖြစ်ပြီး နိုင်ငံတော်က မတည်ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၂၅၀ နဲ့  ကျပ်သန်း ၁၀၀၀  စတင်ထည့်ဝင် ထူထောင်ထားတာဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) မှာ ဖွင့်လှစ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ မြန်မာကျပ် ငွေစာရင်း OA 013733 ဆီကို ဇန်နဝါရီ ၆ ရက်ကနေ ၁၂ ရက်အထိ ပြည်တွင်း၊ ပြည်ပအလှူရှင်  ၇၂၈  ယောက်က ကျပ်သန်းပေါင်း ၁၀၁၂၆ ဒသမ ၈၅၄၊ နိုင်ငံခြားငွေစာရင်း EDC 600012 ကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၇၃ သန်း လှူဒါန်းထားတယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။ ဒါကြောင့် ဇန်နဝါရီ ၂၀ ရက်အထိ လက်ခံရရှိငွေ ကျပ်သန်းပေါင်း ၁၇၇၈၁ ဒသမ ၃၃၇ သန်း၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၄၅ သန်း ရထားပြီ ဖြစ်ပါတယ်။  
1 month Ago
Up