ကျပ်တည်းမှု

A d v e r t i s e m e n t With Us

April 30, 2020

လက်ဘနွန်တွင် ကပ်ဘေးကာလ စီးပွားရေးကျပ်တည်းမှုကို မကျေနပ်သည့် ဆန္ဒပြပွဲများဖြစ်ပွား

လက်ဘနွန်နိုင်ငံ ထရီပိုလီမြို့မှာ စီးပွားရေးကျပ်တည်းလာမှုကို မကျေနပ်တဲ့ ဆန္ဒပြပွဲတွေ   ပေါ်ပေါက်ခဲ့ပြီး ဧပြီ ၂၇ ရက် ညပိုင်း အဓိကရုဏ်းမှာ ဆန္ဒပြသူတယောက် သေဆုံးတယ်လို့ လုံခြုံရေးနဲ့  ဆေးဘက်ဝန်ထမ်းတွေက ပြောပါတယ်။ ဧပြီ ၂၈ ရက်မှာတော့ ဆန္ဒပြပွဲတွေက တခြားမြို့တွေကို ကူးစက်သွားပြီး ဒုတိယညမှာ ဘဏ်တွေ မီးရှို့တာ၊ အကြမ်းဖက်တာတွေ ဖြစ်ခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံမှာ  ငွေးကြေးတန်ဖိုး ကျဆင်းတာ၊ ငွေကြေးဖောင်းပွမှု မြင့်တက်တာနဲ့ အလုပ်လက်မဲ့များပြားလာတာက ဘဏ္ဍာရေးအကျပ်အတည်းဖြစ်နေတဲ့ နိုင်ငံကို  ထိခိုက်စေပါတယ်။ ကိုရိုနာဗိုင်းရပ်ကြောင့် လော့ဒေါင်းချလိုက်တာက စီးပွားရေးဆိုင်ရာ အရေးကိစ္စတွေကို ပိုမို ဆိုးရွားစေပါတယ်။ နိုင်ငံမြောက်ပိုင်း ထရီပိုလီမြို့မှာ ဆန္ဒပြသူတွေက ဘဏ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် စစ်တပ်က ရာဘာကျည်၊ မျက်ရည်ယိုဓာတ်ငွေ့သုံး နှိမ်နှင်းခဲ့ရပါတယ်။ နောက်ပိုင်း ဆန္ဒပြသူတွေက ရင်ပြင်ကြီးတခုမှာ စုပြုံလာကြပြီး တချို့ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း ဆစ်ဒန်မြို့မှာလည်း ဆန္ဒပြသူတွေက ဗဟိုဘဏ်အဆောက်အအုံကို     ဓာတ်ဆီဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ပြီး ရှေ့မျက်နှာစာတွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံအတွင်း အပ်နှံငွေတွေ ပြန်ထုတ်မရတဲ့အပေါ်မှာ လူတွေက ဒေါသဖြစ်ပြီး ဘဏ်တွေဟာ ပစ်မှတ်ဖြစ်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
10 months Ago
Up