ကပြသူနှင့်ပရိသတ်ပါ ၀စ်လစ်စလစ်ဖြင့် ကျင်းပခဲ့သည့် အနုပညာကပွဲ (ရုပ်သံ)

January 27, 2017

ကပြသူနှင့်ပရိသတ်ပါ ၀စ်လစ်စလစ်ဖြင့် ကျင်းပခဲ့သည့် အနုပညာကပွဲ (ရုပ်သံ)

ဒီသရုပ်ပြဖျော်ဖြေပွဲဟာ တကယ့်ကို ပထမဆုံးသော ၀စ်လစ်စလစ်အနုပညာကပြ ဖျော်ဖြေပွဲတခုဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ ဒီပွဲတော်မှာ သရုပ်ပြဖျော်ဖြေကြသူ အနုပညာရှင်တွေဟာ ၀စ်လစ်စလစ်နဲ့ သရုပ်ဖော်ကပြရုံအပြင် ကြည့်ရှုတဲ့ ပရိသတ်တွေကိုပါ ၀စ်လစ်စလစ်နဲ့ ကြည့်ရှုဖို့ စီစဉ်ထားခဲ့လို့ပါပဲ။ ပွဲစီစဉ်သူကတော့ ဆစ်ဒနီအကကုမ္ပဏီဖြစ်ပြီး နယူးဆောက်ဝေးနွေရာသီအနုပညာပွဲတော်ရဲ့ တစိတ်တပိုင်းအဖြစ် ခုလိုစီစဉ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဒီ ကနေ့ဖော်ပြပါတယ်။ ကပွဲကို ကြည့်ရှုနိုင်ဖို့ ပရိသတ်တွေကို စည်းမျဉ်းတခုပဲ သတ်မှတ်ထားပါတယ်။ အဲဒါကတော့ အသက် ၁၈ နှစ်ပြည့်ပြီးသူ တယောက်ဖြစ်ပြီး ၀စ်လစ်စလစ်နဲ့ ကြည့်ရှုဖို့ပါပဲ။ ဒီကပွဲလက်မှတ်တွေကို စတင်ရောင်းချတဲ့ တနေ့တည်းမှာတင် လက်မှတ်တွေ အားလုံး ရောင်းကုန်သွားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ ကပွဲကို ၃ ရက်ကျင်းပခဲ့တာဖြစ်ပြီး ဇန်န၀ါရီလ ၁၄ ရက်၊ ၂၃ ရက်နဲ့ ၂၄ ရက်နေ့ ည ၇.၃၀ နာရီမှာ စတင်ဖျော်ဖြေခဲ့တာပါ။ သရုပ်ဖော်ကပြတင်ဆက်မှုမှာ ဦးဆောင်သူတဦးဖြစ်တဲ့ ရာဖေရဲလ် ဘိုနာချီလာက “ကျနော် ခုလိုအနုပညာတင်ဆက်မှုကို ဖန်တီးတဲ့အခါ ဒါနဲ့ ပတ်သက်ပြီး ရှက်စိတ်ဖြစ်စေမှာ မဟုတ်ပါဘူး။ စတိတ်စင်ပေါ်မှာ ၀စ်လစ်စလစ်နဲ့ အနုပညာတခုကို ယူဆောင်လာခဲ့တာကို ဘယ်သူသိနိုင်မလဲ။ ဒါဟာ တခြားကမ္ဘာတခုပါပဲ”လို့ ပြောပါတယ်။ ဒီအနုပညာကပွဲစီစဉ်သူတွေကတော့ ဒါဟာ ကိုယ်ရေးကိုယ်တာဆန်တဲ့ အနုပညာနဲ့ အကကမ္ဘာထဲရောက်ရှိသွားစေနိုင်မယ့် ခရီးတခုလိုဖြစ်စေမယ်လို့ ညွှန်းဆိုခဲ့တာပါ။ ဒီပွဲမှာ ကပြဖျော်ဖြေတဲ့ အနုပညာရှင်တွေဟာ ပရိသတ်တွေ ရင်သပ်ရှုမောဖြစ်စေမယ့် ခန္ဓာကိုယ်ဆေးခြယ်သရုပ်ဖော်တာတွေ၊ နာမည်ကြီး လူသိများတဲ့ အနုပညာရှင်တွေရဲ့ ဓာတ်ပုံတွေ၊ ပန်းပုတွေနဲ့အတူ သရုပ်ဖော်တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up