ကျန်းမာ‌ရေးလုပ်သား

November 23, 2020

ဖိလစ်ပိုင်ကျန်းမာ‌ရေးလုပ်သားများ နိုင်ငံခြားခရီးသွားခွင့် ပြန်ခွင့်ပြု

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူဒါတေက ဖိလစ်ပိုင် ကျန်းမာရေးလုပ်သားတွေ နိုင်ငံခြားခရီးသွားခွင့် တားမြစ်ပိတ်ပင်ချက်ကို အဆုံးသတ်ပေးလိုက်ပြီလို့ အလုပ်သမားဝန်ကြီးက နိုဝင်ဘာ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။ ဒါကြောင့် ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်ထဲက ထောင်ချီတဲ့ လုပ်သားတွေအတွက် မျှော်လင့်ချက်တွေ ပြန်ဆန်းသစ်လာခဲ့ပါတယ်။ ဒါပေမဲ့ တနှစ်ကို ကျန်းမာရေးဝန်ထမ်း အယောက် ၅,၀၀၀ သာ နိုင်ငံခြားကို ထွက်ခွင့်ပြုထားတာပါ။ မနှစ်က ကျန်းမာရေးလုပ်သား ၁၉,၀၀၀ ကို နိုင်ငံခြားထွက် အလုပ်လုပ်ခွင့်ပေးခဲ့တယ်။ အဲဒါနဲ့နှိုင်းစာရင် ကန့်သတ်ချက်ရှိနေသေးပေမယ့် ခရီးသွားပိတ်ပင်ချက် ဖယ်ပေးတာ ဝမ်းသာတယ်လို့ အသက် ၂၆ နှစ်အရွယ် ကျန်းမာရေးလုပ်သား ဗင့်စ်အူမာလီက ပြောပါတယ်။ “သူနာပြုတွေဟာ ဖိလစ်ပိုင်နိုင်ငံကနေ လစာပိုများပြီး လုပ်ငန်းခွင်အခြေအနေ ပိုကောင်းတဲ့ အမေရိကန်၊ ကနေဒါနဲ့ အရှေ့အလယ်ပိုင်းဒေသတွေဆီ သွားပြီး အလုပ်လုပ်နေကြတာ ဆယ်စုနှစ်တွေ ချီနေပါပြီ။ မိခင်နိုင်ငံမှာ အလုပ်ချိန် တရက် ၈ နာရီကနေ ၉ နာရီထိ လုပ်ရပြီး တလကို လစာ ၄၁၄ ဒေါ်လာသာ ရပေမယ့် ကနေဒါမှာတော့ တနာရီ လုပ်အားခ ၄၅ ဒေါ်လာ ရတယ်။ တရက်ကို ၆ နာရီကနေ ၇ နာရီထိပဲ အလုပ်လုပ်ရတယ်။” ဖစ်ဇာ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းက သူ့ကာကွယ်ဆေးတွေကို ဖြန့်ချိဖို့ အတည်ပြုချက် ရတဲ့ နိုင်ငံဆီ သေချာပေါက် ဖြန့်ဖြူးမှာဖြစ်ပြီး ဖိလစ်ပိုင်အာဏာပိုင်တွေဆီက အတည်ပြုချက်ကို လာမယ့်နှစ်အစောပိုင်း ရနိုင်တယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီးက ထင်ကြေးပေးထားပါတယ်။
5 months Ago
Up