ကျန်းမာ​ရေးစစ်​ဆေးမှုခံယူရန်

August 26, 2020

ရခိုင်ပြည်နယ်ကစစ်​တွေအပြင်​ ရောဂါဖြစ်ပွားရာ​နေရာ​များကို ခရီးသွားထားပါက ကျန်းမာ​ရေးစစ်​ဆေးမှုခံယူရန် တိုက်တွန်း

ရခိုင်ပြည်နယ်က စစ်​တွေမြို့အပြင်​ ရောဂါဖြစ်ပွားရာ​နေရာ​တွေကို ခရီးသွားထားရင် ရောက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်​တွေက နီးစပ်ရာကျန်းမာရေးဌာန​တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်း​တွေဆီ ချက်ချင်းသတင်းပို့ပြီး ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ လိုအပ်​ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ သြဂုတ် ၁၆ ရက်​က  ရခိုင်ပြည်နယ် စစ်​တွေမြို့မှာ ကိုဗစ်-၁၉ ​ရောဂါပိုး တ​ကျော့ပြန်​တွေ့ရှိလာပြီး​နောက် ကူးစက်မှုနှုန်းအရှိန်မြင့်လာကာ ပိုး​တွေ့လူနာ​တွေနဲ့ တိုက်ရိုက်ထိ​တွေ့သူ​တွေတင်မကဘဲ တဆင့်ခံကူးစက်သူ​တွေပါ ​ရောဂါပိုးကူးစက်လာခဲ့ပါတယ်။  ကျန်းမာ​ရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ စာရင်းဇယား​တွေအရ သြဂုတ် ၁၆ ရက်​ကနေ  ၂၅ ရက်​အထိ ၁၀ ရက်တာကာလအတွင်း  ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ နေထိုင်သူ​တွေနဲ့ စစ်တွေမြို့နယ် သို့/မှ ခရီးသွားလာသူ​တွေမှာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၁၁၀ ဦးရှိပြီ ဖြစ်ပါတယ်။ ဒါ​ကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုကို အချိန်မီထိန်းချုပ်နိုင်ဖို့နဲ့ ရခိုင်ပြည်နယ် အပါအဝင် တခြားတိုင်းဒေသကြီး/ ပြည်နယ်​တွေမှာ ထပ်မံကူးစက်ပျံ့နှံ့မှုမရှိစေဖို့ ပြည်သူ​တွေအ​နေနဲ့ သြဂုတ် ၁၀ ရက်ကစပြီး  ရရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းရှိ ရောဂါကူးစက် ဖြစ်ပွားမှု​တွေရှိနေတဲ့မြို့နယ်​တွေ သို့/မှ ခရီးသွားလာမှု​တွေရှိခဲ့ရင် ချက်ချင်းသတင်းပို့ပြီး ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ ကျန်းမာရေးဌာနက တိုက်တွန်းထားတာပါ။  ဒါမှ ရောဂါကူးစက်မှုရှိရင်အချိန်မီကုသမှုခံယူနိုင်မှာဖြစ်ပြီး ကိုယ်ကတဆင့် ကိုယ့်မိသားစုနဲ့ နီးစပ်ရာ​တွေဆီ ရောဂါကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်မှာဖြစ်လို့သတင်းပေးပို့ကာ ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
1 year Ago
Up