ကျန်းမာရေး ကြိုတင်ကာကွယ်မှု

A d v e r t i s e m e n t With Us

May 30, 2020

အင်္ဂပူတွင် ကိုဗစ်-၁၉ ကာလ ရပ်ထားသည့် ကျန်းမာရေး ကြိုတင်ကာကွယ်မှုလုပ်ငန်းများ ပြန်စ

ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်မှာ ကိုဗစ်-၁၉ ကာလမှာ ရပ်တန့်ထားတဲ့ ကျန်းမာရေး ကြိုတင်ကာကွယ်မှု လုပ်ငန်းတွေ ပြန်လည်စတင်နေပါတယ်။ ကလေးငယ်တွေ ကြိုတင်ကာကွယ်ဆေးထိုးတာတွေနဲ့ မိုးဦးကာလမတိုင်မီ သွေးလွန်တုပ်ကွေး အသိပညာပေးတာတွေ စတဲ့လုပ်ငန်းတွေကို တမြို့နယ်လုံးအနေနဲ့ ပြန်လည်စတင်လုပ်ကိုင်နေတာပါ။ ခုံကြီးကျေးရွာအုပ်စု တာဝန်ကျကျန်မာရေးဝန်ထမ်း ကိုရဲကျော်ထွန်းက “ဟုတ်တယ် အစ်ကို၊ ကိုဗစ်-၁၉ ကာလကြောင့် ရပ်တန့်ထားတဲ့ ကျန်းမာရေးလုပ်ငန်းတွေ ပြန်စနေတာပါ။ ဒေသအလိုက် ခုလက်ရှိကတော့ သွေးလွန်တုပ်ကွေး အသိပညာပေးတာတွေ၊ နေအိမ်တွေ ခြံဝင်းတွေမှာ ပိုးလောက်လန်း မပေါက်ဖွားနိုင်အောင် အသိပညာပေးတာတွေကို လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။ အင်္ဂပူမြို့နယ်မှာ ကျန်မာရေးဝန်ထမ်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူပေါင်းပြီး သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဆိုင်ရာ ဆက်စပ်လုပ်ငန်းတွေ လုပ်ကိုင်နေကြတာပါ။ ဟင်္ဟာတခရိုင်အတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် နှစ်စဉ် ကလေးငယ်တွေ အသေအပျောက်ရှိနေလို့ ကျေးရွာတွင်း ပြည်သူတွေအနေနဲ့ ပါဝင်ပူပေါင်းဖို့ လိုအပ်နေပါတယ်။
9 months Ago
Up