ကျန်းမာရေးအာဏာပိုင်

A d v e r t i s e m e n t With Us

March 20, 2020

ကိုရိုနာကုသဆေး အမြန်ထုတ်ရန် အမေရိကန်သမ္မတ တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ်ကို ကုသဖို့ ရည်ရွယ်ထားတဲ့ ကုသနည်းအလားအလာတွေကို သွက်လက် မြန်ဆန်မှု ရှိရှိ ဖော်ထုတ်ဖို့ အမေရိကန်ကျန်းမာရေးအာဏာပိုင်တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၉ ရက်မှာ ဆော်သြလိုက်ပါတယ်။  ကာကွယ်ဆေးဖော်ဖို့ ကြိုးစားနေဆဲအချိန်မှာ အင်မတန်မြန်ဆန်နေတဲ့ ကူးစက်မှုက ထိုး ဖောက်ကျော်ဖြတ်သွားနိုင်တယ်လို့လည်း သူက ပြောပါတယ်။  ငှက်ဖျားရောဂါကုသဆေး ဟိုက်ဒရောက်စီကလိုရိုကွင်းနဲ့ ဗိုင်းရပ်စ်ကုသဆေး ရမ်ဒေစီဗီယာ တို့ကို အဆင့်မြှင့်ဖို့ စမ်းသပ်နေတဲ့ ဂီလိဒ်ဆိုင်းယန့်စ်အင်တာနေရှင်နယ် ကော်ပိုရေးရှင်းရဲ့အား ထုတ်မှုတွေကိုလည်း ထရမ့်က သတင်းစာ ရှင်းလင်းပွဲမှာ ထောက်ပြခဲ့ပါတယ်။  လုပ်ငန်းစဉ်ကို အတည်ပြုရေး စည်းမျဉ်းကြပ်မတ်မှုတွေကို သွက်လက်တွင်ကျယ်အောင် လုပ်ဖို့ကိုလည်း အမေရိကန်စားသောက်ကုန်နဲ့ ဆေးဝါးစီမံအုပ်ချုပ်ရေးဌာန FDA ကို ထရမ့်က ဆော်သြပါတယ်။  “ဒါဟာ စစ်ပွဲပဲ စစ်ဘက်ဆိုင်ရာ စစ်ပွဲပဲ။ ကျနော်တို့ နိုင်ကိုနိုင်ရမှ ဖြစ်မယ်။ ဒီစစ်ပွဲက အင်မတန် အရေးကြီးတယ်”လို့ ထရမ့်က ပြောပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကုသနည်းအလားအလာတွေကို စမ်းသပ်မှုတွေ လုပ်နေပေမယ့် လုပ်ငန်း စဉ်ကို ဓာတ်ခွဲခန်းစမ်းသပ်မှု ပိုမြန်မြန်လုပ်ဖို့ ထရမ့်ရဲ့ဆော်သြချက်က ကုသမှုအတွက် ဘယ်လောက် ထိရောက်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဖြစ်နိုင်ချေ အားလုံးကို စစ်ဆေးဖို့ မြန်မြန်ဆန်ဆန် လုပ်နေတယ်လို့ FDA ကော်မရှင်နာမင်းကြီး စတီဖှင်ဟန်းစ်က ပြောပါတယ်။   
11 months Ago
Up