ကျန်းမာရေးဝန်ထမ်း

October 5, 2021

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ထမ်း ၁၀ ဦးကို ဝန်ထမ်းအဖြစ်မှ NUG အစိုးရ ထုတ်ပယ်

အကြမ်းဖက် စစ်ကောင်စီရဲ့ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်း အမှုထမ်း အရာထမ်း ၁၀ ဦးကို ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ကျန်းမာရေးဝန်ထမ်း ၁၀ ဦးဟာ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ထုတ်ပယ်တာ၊ တရားစွဲဆိုတာတွေကို ဒီကနေ့အထိ လုပ်ဆောင်နေတာကြောင့် ပြည်သူ့ဝန်ထမ်းကျင့်ဝတ်နဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်လိုက်တာလို့ ဆိုပါတယ်။

ထုတ်ပယ်ခံလိုက်ရတဲ့ ဝန်ထမ်းတွေထဲမှာ စစ်ကောင်စီ၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ ညီမဖြစ်သူ ဒေါက်တာစုစုဒွေးလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ထုတ်ပယ်ခံလိုက်ရတဲ့ ဝန်ထမ်းစာရင်းထဲမှာ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံဘဏ္ဍာ) ဒေါက်တာကျော်ရွှေ၊ မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေး ဌာနခွဲ၊ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ကံကောင်း၊ အမျိုးသားကျန်းမာရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု စောင့်ကြပ်ကြည့်ရှုရေးဌာန (NIMU) က လက်ထောက်အတွင်းဝန် ဒေါက်တာ သန့်စင်ထူး၊ ကျန်းမာရေး စာရင်းအင်းပညာဌာန၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ် (ရန်ကုန်) က တွဲဖက် ပါမောက္ခ၊ ဌာနမှူး ဒေါက်တာကျော်စွာမြ၊ မန္တလေး ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေး၊ မွန်ပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး‌ကျန်းမာရေးနှင့် ကုသမှု ဦးစီးဌာနမှူး ဒေါက်တာ နန္ဒဝင်း၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)က ပါမောက္ခချုပ် ဒေါက်တာ သိန်းဇော်လင်း၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန ကုသရေးဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဌေးဌေးတင်၊ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေး သတင်းအချက်အလက် ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစန်းဟုမ်၊ပဲခူး ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်တို့ကို ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်လိုက်တာလို့ ကြေညာချက်မှာ ပါရှိပါတယ်။

2 months Ago

September 24, 2021

ဧရာဝတီတိုင်းအတွက် ကျန်းမာရေးဝန်ထမ်း ၃၀၀ ကျော် စစ်ကောင်စီ အစားထိုးခန့်အပ်

ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန် CDM မှာပါဝင်ခဲ့ပြီး အလုပ်ထုတ်ပယ်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေနေရာမှာ လူ ၃၃၄ ဦးကို အကြမ်းဖက်စစ်ကောင်စီက အစားထိုး ခန့်အပ်လိုက်ပါတယ်။

ဧရာဝတီတိုင်းအတွက် အသစ်ခန့်အပ်လိုက်တဲ့ ကျန်းမာရေးမှူး-၄ (ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂) ၃၃၄ ဦးကို စက်တင်ဘာလ ၂၂ ရက်နေ့ အောင်စာရင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး အောက်တိုဘာလက စတင်ကာ အစားထိုးခန့်အပ်သွားမှာဖြစ်တယ်လို့ CDM ဝန်ထမ်း ၁ ဦးကပြောပါတယ်။

" ဒီအချိန်မှာ ရိုင်းရိုင်းပြောရရင် ခွေးတိုးပေါက်က ဝင်လာကြတာပေါ့။ အဓိကတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့အရေးကြီးပါတယ်။ စစ်အာဏာရှင် အုပ်ချုပ်တာ လက်မခံနိုင်လို့ ဒီလမ်းရွေးခဲ့တာ နောင်တ မရပါဘူး အမြဲဂုဏ်ယူနေမှာပါ''လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း CDM ပြုလုပ်လို့ အလုပ်ထုတ်ပယ်ခံရပြီး အလုပ်လက်မဲ့ဖြစ်နေပေမယ့် ပြည်သူတွေအပေါ် လိပ်ပြာသန့်သန့်ဆက်ဆံနိုင်တာကြောင့် ဝမ်းသာရတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအတွက် အစားထိုးခန့်အပ်လိုက်တယ် ကျန်းမာရေးမှူး-၄ (ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂) ၃၃၄ ဦးမှာ တိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်က စစ်တပ်ထောက်ခံသူ မိသားစုအသိုင်းဝိုင်းက လူတွေဖြစ်တယ်လို့ သိရပါတယ်။

2 months Ago
More News
Up