ကျန်းမာရေးဝန်ကြီးဌာန

January 1, 2022

အိုမီခရွန် ကူးစက်ခံရသူ တွေ့ပြီးနောက် လူ ၂၀၀ စုနိုင်ပြီဟု စစ်ကောင်စီကျန်းမာရေးဌာန ကြေညာ

ကူးစက်မြန် အိုမီခရွန် ကိုဗစ်မျိုးစိတ်သစ်ကူးစက်ခံရသူ မြန်မာနိုင်ငံမှာ တွေ့ရှိပြီးနောက်  ဇန်နဝါရီ ၁ ရက် ဒီနေ့ကစလို့ အခမ်းအနားတွေမှာ လူ ၂၀၀ စုနိုင်ပြီလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

ကိုဗစ်ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရောဂါကူးစက်တာဖြစ်စေဖို့ ခြွင်းချက်ထားတဲ့ ကိစ္စတွေကလွဲပြီး လူ ၁၀၀ ထက်ပို မစုဖို့အတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှာ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက ထုတ်ပြန်ထားခဲ့တာပါ။

ပြည်ပနိုင်ငံက ပြန်လာသူတွေကို ကိုဗစ်စစ်ဆေးရာမှာ ဒီဇင်ဘာ ၂၈ ရက်က စစ်‌ဆေးချက်အဖြေအရ ယူအေအီးနိုင်ငံကနေပြန်လာသူ ၄ ယောက်မှာ အိုမီခရွန်မျိုးစိတ်တွေ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေနဲ့ သာရေးနာရေး ကိစ္စတွေအတွက် လူ ၁၀၀ အစား လူ ၂၀၀ အထိ စုရုံးနိုင်ပြီလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက ဒီဇင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

အိုမီခရွန်ဟာ ကိုဗစ်ဖြစ်ဖူးသူတွေမှာ ပြန်ဖြစ်နိုင်ခြေများပြီး အရင် မျိုးစိတ်တွေထက် ပိုပြီး ကူးစက်မြန်စေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောထားပါတယ်။

ဗီဇပြောင်းမျိုးကွဲကိုဗစ်ပိုး အိုမီခရွန်ဟာ လက်ရှိ နိုင်ငံ ၁၀၀ ကျော်မှာ ကူးစက်ပျံ့နှံ့နေပြီး အဲဒီမျိုးကွဲကြောင့် သေဆုံးသူ ၆၀ ကျော်နေပြီဖြစ်ပါတယ်။။

3 weeks Ago

December 8, 2021

မြန်မာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၆၇ ဦးတွေ့ရှိပြီး ၆ ဦး ထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၆၇ ယောက်နဲ့ ကူးစက်ခံရသူပေါင်း ၅၂၅,၀၀၅ ယောက် ရှိခဲ့ပြီလို့ အကြမ်းဖက်စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၆ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၆,၈၈၄ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ်  ၃၆၇ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း  ၂ ဒသမ ၁ ရာခိုင်နှုန်း  ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၄၈၈  ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ ၆ ယောက်နဲ့ စုစုပေါင်းသေဆုံးသူအရေအတွက်ကတော့ ၁၉,၁၅၂  ယောက် ရှိနေပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံဒေသအတွင်း ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ဆေး အစောဆုံးထိုးနှံနိုင်ခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အာဆီယံ ၁၀ နိုင်ငံမှ ကာကွယ်ဆေးအပြည့်ထိုးပြီးသူ ရာခိုင်နှုန်းမှာတော့ အနည်းဆုံးဖြစ်နေတာကို Vaccine Tracker အချက်အလက်တွေအရ တွေ့ရှိရပါတယ်။ 

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ကူးစက်ခံရတာ ဟောင်ကောင်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါ၊ မော်လ်ဒိုက် အပါအဝင် နိုင်ငံပေါင်း ၅၃ နိုင်ငံ ရှိလာပြီလို့ သိရပါတယ်။

2 months Ago
More News
Up