ကျန်းမာရေးမိသားစုသပိတ်စစ်ကြောင်း

April 15, 2021

ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၃၄ လမ်း၊ ၇၆ လမ်း ၇၇ လမ်းကြားမှာ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မနက်ပိုင်းက ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းကို အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ လာရောက်ဖြိုခွင်းခဲ့ပါတယ်။

ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းဟာ စတင်ချီတက်ဖို့ ပြင်ဆင်တဲ့အချိန်မှာပဲ ဖြိုခွင်းခံလိုက်ရတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေ ရှိတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ စစ်ကြောင်းနဲ့ မသက်ဆိုင်သူတွေလည်းပါဝင်ပြီး အနီးအနားမှာ ခြိမ်းခြောက် ပစ်ခတ်တာတွေပါ လုပ်ခဲ့ကြတယ်လို့ ပတ်ဝန်းကျင်ရှိ ပြည်သူတွေက ဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာ မန္တလေးမြို့မှာ နေရာအနှံ့ ကင်းပုန်းတွေချထားပြီး ပြည်သူတွေကို စစ်ဆေးတာတွေ လုပ်နေကြပါတယ်။

8 months Ago
Up