COVID-19 ဆိုင်ရာ ကျန်းမာရေးနည်းပညာတိုးတက်ရေးကို အရှိန်မြှင့်လုပ်ဆောင်ဖို့ အထင်ကရ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဧပြီ ၂၄ ရက်မှာ စတင်လိုက်ပါတယ်။
အဲဒီ ပူးပေါင်းဆောင်ရွက်မှုကို ဗွီဒီယိုကွန်ဖရင့်နဲ့ ပြုလုပ်ခဲ့ပြီး မိတ်ဖက်နိုင်ငံအများအပြားနဲ့ ACT Accelerator အဖွဲ့အစည်းကို စတင်ဖြစ်တာကို ဂုဏ်ယူတယ်လို့ ဖွင့်ပွဲမှာ WHO ညွှန်ချုပ်က ပြောခဲ့ပါတယ်။
WHO နဲ့ မိတ်ဖက်နိုင်ငံတွေက အဖွဲ့အစည်း တည်ထောင်ပြီး ပြည်သူအားလုံး COVID-19 တိုက်ဖျက်ရေး နည်းလမ်းတွေ သိရှိစေဖို့ ရည်ရွယ်တယ်လို့ WHO ညွှန်ချုပ် ဂတ်ဘီရအီးဆပ်စ်က ဆိုပါတယ်။
ဒါဟာ COVID-19 အတွက် ကာကွယ်ဆေး၊ ဆေးစစ်ချက်နဲ့ ကုသနည်းတွေကို တီထွင် ထုတ်လုပ်ဖြန့်ဝေမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ အထင်အရ ပူးပေါင်းဆောင်ရွက်မှုကို စတင်လိုက်တာလို့ သူက ပြောခဲ့ပါတယ်။
“အတိတ်အတွေ့အကြုံအရ နည်းလမ်းတွေ ရှိချိန်မှာပဲ အဲဒီနည်းလမ်းတွေကို အားလုံး သာတူညီမျှရရှိအောင် မလုပ်နိုင်သေးပါဘူး။ အဲဒါမျိုးကို အဖြစ်မခံနိုင်ဘူး” လို့ WHO ညွှန်ချုပ်က ပြောခဲ့ပါတယ်။
နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းမှာ Global Fund၊ UNITAID၊ Wellcome Trust၊ World Bank နဲ့ Bank and the Bill and Melinda Gates ဖောင်ဒေးရှင်းတို့ ပါဝင်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
10 months Ago