ဘာစီလိုနာအသင်းဟာ ကစားသမားတွေကို သြဂုတ် ၃၀ ရက်နေ့ အရောက်လာဖို့ ညွှန်ကြားထားပေမဲ့ အသင်းခေါင်းဆောင် မက်ဆီ ရောက်မလာခဲ့ဘူးလို့ သိရပါတယ်။
ဘာစီလိုနာကစားသမား အများစုက ကိုဗစ်-၁၉ ရှိ၊ မရှိ စစ်ဆေးဖို့အတွက် အသင်းရဲ့ ကျန်းမားရေးစင်တာဆီ လာရောက်ခဲ့ကြပေမဲ့ မက်ဆီကတော့ မရောက်လာဘူးလို့ အသင်းရဲ့ သတင်းရစ်မြစ်တဦးက ပြောခဲ့ပါတယ်။
အသက် ၃၃ နှစ်ရှိ တိုက်စစ်မှူး မက်ဆီအနေနဲ့ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတယ်လို့လည်း သတင်းထွက်ပေါ်နေတာပါ။
တချိန်တည်းမှာပဲ လာလီဂါအဖွဲ့ချုပ်ဘက်က မက်ဆီနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်တခု ထုတ်ပြန်ခဲ့ပါတယ်။
မက်ဆီနဲ့ ဘာစီလိုအသင်းတို့ရဲ့ စာချုပ်ဟာ အကျုံးဝင်နေဆဲဖြစ်ပြီး ခေါ်ယူလိုတဲ့ အသင်းတွေအနေနဲ့ ယူရိုသန်း ၇၀၀ ပေးချေရမယ်လို့ တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ၆ ကြိမ်အထိ စံချိန်တင်ရရှိထားတဲ့ မက်ဆီကို နည်းပြဂွါဒီယိုလာ ကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းက ခေါ်ယူနိုင်ဖို့ ရေပန်းစားနေပါတယ်။
6 months Ago