ကျန်းမာရေးကောင်းမွန်

August 27, 2020

မြောက်ဦးမြို့က ကိုဗစ်-၁၉ လူနာ ၂ လအရွယ်သမီးငယ် ကျန်းမာရေးကောင်းမွန်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ကိုဗစ်-၁၉  အတည်ပြုလူနာ ၂ လအရွယ်သမီးငယ်  ကျန်းမာရေးကောင်းမွန်တယ်လို့  ဆေးရုံအုပ်ကြီးက ပြောပါတယ်။ အဲဒီနှစ်လသားအရွယ် သမီးငယ်လေးနဲ့ သူ့ရဲ့ မိခင်ဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်နေ့က တွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ လူနာနံပါတ် ၄၄၀ နဲ့ ထိတွေ့ခဲ့သူတွေဖြစ်ပြီး မနေ့ကတော့ သူတို့နှစ်ဦးလုံးမှာ ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုထုတ်ပြန်ခဲ့တာပါ။ လက်ရှိမှာတော့ သူတို့ရဲ့ကျန်းမာရေးအခြေအနေကကောင်းမွန်နေပြီး စိုးရိမ်စရာမရှိဘူးလို့ မြောက်ဦးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။ သြဂုတ်လ ၂၆ရက်နေ့ မနက်ပိုင်းအထိ အတည်ပြုထုတ်ပြန်ချက်အရ မြောက်ဦးဆေးရုံမှာ အတည်ပြုလူနာ ၁၁ယောက်ထိရှိနေပြီဖြစ်ပါတယ်။ သတင်း - ထက်ဝေအောင်
1 year Ago

August 3, 2020

အိန္ဒိယ ငွေကြယ်ပွင့် အမီတာဘတ်ချန်း ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်း

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရလို့ ဆေးရုံတက် ကုသနေတဲ့ အိန္ဒိယရုပ်ရှင် ငွေကြယ်ပွင့် အမီတာဘတ်ချန်းဟာ  သြဂုတ် ၂ ရက်မှာ ဆေးရုံက ပြန်ဆင်းပြီလို့ သားဖြစ်သူ အဘိရှက်ခ်ဘတ်ချန်းက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားပါတယ်။ ဝါရင့်ရုပ်ရှင်ဇာတ်ဆောင် မင်းသားကြီး အမီတာဘတ်ချန်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါ ကူးစက်ခံထားရကြောင်းတွေ့အပြီး ဇူလိုင် ၁၁ ရက်မှာ ဆေးရုံတင် ကုသခံခဲ့ရတာပါ။ နောက်ဆုံး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးချက်ရလဒ်အရ ကူးစက်မှု မရှိတော့ကြောင်း ပြထားလို့ ခုလို ဆေးရုံဆင်းလာတာဖြစ်ကြောင်း၊ သူ့အတွက် ဆုတောင်းစကားတွေနဲ့ ဆန္ဒပြုပေးကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ သူ့သားက တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။ အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အမစ်တာရှားလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိလို့ ဆေးရုံတင် ကုသနေတယ်လို့ သြဂုတ် ၂ ရက်မှာ ပြောပါတယ်။ သူဟာ ဝန်ကြီးချုပ် နရင်ဒရာမိုဒီရဲ့ နီးကပ်တဲ့ လက်ထောက်ဖြစ်ပြီး နိုင်ငံအတွင်း သြဇာအကြီးဆုံး နိုင်ငံရေးသမားတွေထဲက တယောက် ဖြစ်ကာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စီမံခန့်ခွဲရာမှာ ရှေ့တန်းက ဦးဆောင်တဲ့ အဓိကဝန်ကြီးဌာနရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။ အိန္ဒိယမှာ သြဂုတ် ၃ ရက်ထိ အတည်ပြုချက်အရ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ လူနာ ၁ ဒသမ ၈ သန်းကျော်ရှိပြီး သေဆုံးသူ ၃၈,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
1 year Ago
More News
Up