ကျန်းမာစေရေး

A d v e r t i s e m e n t With Us

March 31, 2020

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အကြံပေးထားသည့် ကျန်းမာစေရေး နည်းလမ်း ၅ သွယ်

အခုလို COVID-19 ရောဂါကပ်ဘေးနဲ့ ကြုံတွေ့နေချိန်မှာ ကိုယ့်ကိုယ်ကို ဘယ်လို ကျန်းမာအောင် ပြုမူနေထိုင်သင့်သလဲဆိုတာနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က အကြံပေးထားတဲ့ ကျန်းမာစေရေး နည်းလမ်း ၅ သွယ်ကို ဒီဗွီဘီ ပရိတ်သတ်တွေ ကျန်းမာရေးဗဟုသုတရစေဖို့ မျှဝေပေး လိုက်ရပါတယ်။ ၁။ ကျန်းမာစေအောင် စားသောက်ပါ။ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်စွာ လည်ပတ်စေဖို့ အထောက်အကူပြုတဲ့ ကျန်းမာပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသောက်ပါ။ ၂။ သင့်တင့်မျှတစွာ ချင့်ချိန်သောက်သုံးပါ။ အရက်အလွန်အကျွံ မသောက်ပါနှင့် သကြားဓာတ်ပါတဲ့ အချိုရည်တွေကိုရှောင်ပါ။ ၃။ ဆေးလိပ်မသောက်ပါနှင့် ဆေးလိပ်သောက်သုံးလျှင် သင်သည် COVID-19 ကူးစက်ခံရပါက ပြင်းထန်သောရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများနိုင်ပါသည်။ ၄။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပါ။ လူကြီးများအတွက် တစ်နေ့လျှင်မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်ရန်နှင့် ကလေးများအတွက် တနေ့လျှင်တနာရီခန့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ရန် WHO က အကြံပြုပါသည်။ -သင်၏ ဒေသဆိုင်ရာ သို့မဟုတ် အမျိုးသားအဆင့် လမ်းညွှန်ချက်များက ခွင့်ပြုထားရင် အပြင်ထွက်၍ လမ်းလျှောက်ပါ။ ပြေးပါ (သို့) စက်ဘီး စသဖြင့် စီးနင်းပါ။ အပြင်ဘက်သို့ ထွက်ရင် အခြားသူများနှင့် အန္တရာယ်ကင်းသော အကွာအဝေးမှာ နေပါ။ သင်အိမ်ကနေ ထွက်လို့ မရပါကလည်း အွန်လိုင်းလေ့ကျင့်ခန်း ဗီဒီယိုတစ်ခုကိုရှာ။ တေးဂီတဖြင့် ကခုန်ပါ၊ ယောဂကျင့်ပါ။ လှေကား အတက်အဆင်း လုပ်ပါ။ -သင်သည် အိမ်တွင်အလုပ်လုပ်နေပါက တနေရာထဲမှာ အချိန် အကြာကြီး မထိုင်နေပါနဲ့ ထိုင်ရာက ထပြီး မိနစ် ၃၀ ကြာတိုင်း ၃ မိနစ် အနားယူပါ။ ၅။ စိတ်ရွှင်လန်းအောင် နေပါ။ မိမိရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ။ အကျပ်အတည်းကာလအတွင်း စိတ်ဖိစီးတာ၊ စိတ်ရှုပ်တာ၊ ကြောက်လန့်မှုကို ခံစားရတတ်တာမို့ မိမိ သိကျွမ်းရင်းနှီး ယုံကြည်စိတ်ချရသူများနဲ့ စကားပြောဆိုခြင်းဖြင့် ပြေပျောက်နိုင်ပါတယ်။ -သင့်အသိုင်းအဝိုင်းထဲရှိ တခြားသူများကို အကူအညီပေးခြင်းကလည်း သူတို့အပေါ် သင်ကူညီလိုက်သလို သူတို့ကလည်း သင့်ကို ပြန်ကူညီပေးနိုင်ပါတယ်။ -အိမ်နီးချင်းများ၊ မိသားစုများနှင့်သူငယ်ချင်းများကိုစစ်ဆေးပါ။ သနားကြင်နာ စာနာကူညီမှုကလည်း ဆေးတလက်ပါပဲ။ တေးဂီတ၊ တေးသီချင်းကို နားထောင်ပါ။ စာအုပ်ဖတ်ပါ ဒါမှမဟုတ် ဂိမ်းကစားပါ။ ကိုယ့်စိတ်အ‌နှောင့်အယှက်ဖြစ်စေမယ့် သတင်းတွေကို အလွန်အကျွံ မဖတ်ပါနှင့်၊ မကြည့်ပါနှင့်။ သင်ယုံကြည်စိတ်ချရသော ရင်းမြစ်များမှသာ သင့်အား သတင်းအချက်အလက်များကို တစ်နေ့တစ်ကြိမ်၊ နှစ်ကြိမ် ရယူလိုက်ပါ။  
11 months Ago
Up