ကျည်ဆန် သတိပေးစာ

September 8, 2021

မိုးမိတ်ခရိုင် PDF က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများထံ ကျည်ဆန်ဖြင့် သတိပေးစာပို့

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ခရိုင်အတွင်းက စစ်ကောင်စီတပ်ကို သတင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံနဲ့ ရာအိမ်မှူးတွေဆီကို မိုးမိတ်ခရိုင် PDF က ဒီနေ့ ကျည်ဆန်နဲ့ သတိပေးစာပို့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတစ်ဦးက "မြို့ထဲမှာတော့ မကြားဘူး၊ သူက ခရိုင်အတွင်းက စစ်​ကောင်စီတပ်တွေကို သတင်းပေးပြီး အားပေးထောက်ခံနေတဲ့သူတွေကိုပဲ သတိပေးတာလို့ပြောတယ်" လို့ ပြောပါတယ်။

မိုးမိတ်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးယူထားတာလောက်ပဲရှိပြီး အင်အားလည်း နည်းနေတယ်လို့ သိရပါတယ်။

မိုးမိတ်ခရိုင် PDF ကနေ အုပ်ချုပ်ရေးမှူးတွေဆီကို ပထမဦးဆုံး သတိပေးစာထုတ်တာလို့ သိရပါတယ်။

3 months Ago
Up