ကျည်ဆန်

August 8, 2021

မန္တလေး-မိုးကုတ်ကားလမ်းပေါ်တွင် သေနတ်၊ ဗုံးနှင့် ကျည်ဆန်များ ဖမ်းဆီးရမိ

မန္တလေးတိုင်း မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်းပေါ်  ပန်းယျကျေးရွာအနီးမှာ ထော်လာဂျီယာဉ်နဲ့ သယ်လာတဲ့ သေနတ်၊ ဗုံးသီးနဲ့ ကျည်ဆန်တွေ  ဩဂုတ် ၈ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ နယ်မြေရဲစခန်းကနေ သိရပါတယ်။

မန္တလေး-မိုးကုတ်ကားလမ်းပေါ်  တောင်ခေါင်းကျေးရွာ ဘက်ကနေ မောင်းလာတဲ့ ထော်လာဂျီကို စစ်ကောင်စီတပ်တွေက မသင်္ကာတဲ့အတွက် တားဆီးရာ ရပ်တန့်မပေးဘဲ မောင်းပြေးတဲ့အတွက် လိုက်လံဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် ထော်လာဂျီ ပေါ်ကနေဆန်အိတ်၊ ဖွဲအိတ်တွေအောက်က K-22 ၆၀ လက်၊ လက်ပစ်ဗုံး ၈၀ လုံး၊ အီနာဂါ ၈၅ လုံး၊ ကျည်ဘောက် ၁၁၀ ခု၊ ကျည်မျိုးစုံ ၈၀၀၀ ခန့်၊ လွယ်ကြိုး ၂၁ ချောင်း၊ စစ်ရောင် အီကွေးမင့် ၆၀ စုံ တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲမှုခင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

လက်နက်တွေမိတဲ့ ထော်လာဂျီ ယာဉ်မောင်းနဲ့ နောက်လိုက်ဖြစ်သူကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

“ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်က ဒေသခံတွေ။ နောက်တစ်ယောက်ပါသေးတယ်။ အဲ့ဒီတစ်ယောက်က လွတ်သွားတယ်။” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။

လက်နက်တွေ ဖမ်းဆီးရမိပြီးနောက်မှာ မတ္တရာမြို့နယ် ကျောက်တံတားကျေးရွာ အရှေ့ခြမ်း ဘက်ကို စစ်ကောင်စီတပ်တွေက အင်အား အလုံးအရင်းနဲ့ သွားတာကို တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

4 months Ago
Up