ကျဆုံးသူ ၂၁၇ ဦး

March 18, 2021

မတရားအကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးသူ ၂၁၇ ဦးရှိဟု အေအေပီပီ ထုတ်ပြန်

စစ်အာဏာရှင်ဆန့်ကျင် လူထုဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက် စစ်တပ်နဲ့ရဲတပ်ဖွဲ့က မတရားအကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးသူဦးရေဟာ ၂၁၇ ယောက်ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၇ ရက်အထိ မှတ်တမ်းပြုစုထားတာ ဖြစ်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း ၂၁၉၁  ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီထဲက ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၅ ယောက်၊ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၇၃ ယောက်၊ ပြန်လည်လွတ်မြောက်လာသူ ၃၁၉ ယောက်ရှိနေတဲ့အတွက် လက်ရှိ အချိန်အထိ ၁၈၇၂ ယောက်ဟာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

2 years Ago
Up