ကျဆုံးသူ၂၁ဦးရှိလာ

March 30, 2021

မြင်းခြံတွင် မတ် ၂၉ ရက်က ၄ ဦးအပါအဝင် ကျဆုံးသူ ၂၁ ဦး ရှိလာ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမှာ မတ်လ ၂၉ ရက်နေ့ ပစ်ခတ်မှု မှာ ၄ ဦး ကျဆုံးခဲ့ တာကြောင့် ဒီနေ့ မတ်လ ၃၀ ရက်နေ့ထိ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ကျဆုံးသူရဲကောင်း ၂၁ ဦးရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၉ ရက်နေ့က သပိတ်စစ်ကြောင်းထွက်ခွာရေး ပြင်ဆင်နေတဲ့စစ်ကြောင်းကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ၁၉ နှစ်အရွယ် အမျိုးသား ၁ ဦး၊ ၃၃ နှစ်အရွယ် အမျိုးသား ၁ ဦး နေရာတင် ကျဆုံးပြီး ၂၁ နှစ်အရွယ် အမျိုးသား ၁ ဦးဒဏ်ရာရ ရှိခဲ့တာကြောင့် ဆေးကုသမှု ခံယူနေစဥ် ထပ်မံသေဆုံးခဲ့တာလို့ သိရပါတယ်။

မတ်လ ၂၉ ရက်နေ့က နေ့ပိုင်းပစ်ခတ်မှုအပြီး ညပိုင်းဆက်လက်ပစ်ခတ်ခဲ့တာမှာ အမှတ် ၆ ရပ်ကွက်က ၃၂ နှစ်အရွယ် အမျိုးသား ၁ ဦး ထပ်မံကျဆုံးခဲ့တာကြောင့် ၁ ရက်တည်း ၄ ဦး ကျဆုံး ခဲ့တာလို့ သိရပါတယ်။

မြင်းခြံသပိတ် ဖြိုခွင်းခံရပြီးနောက် မတ်လ ၃ ရက်နေ့ကစ လူသေဆုံးမှုတွေရှိခဲ့တာပါ။

8 months Ago
Up