ကျဆုံးခဲ့ရသူ

September 13, 2021

ချီလီတွင် အာဏာရှင်လက်ထက် ကျဆုံးခဲ့ရသူများအတွက် အောက်မေ့သတိရ ချီတက်ပွဲဆင်နွှဲ

ချီလီနိုင်ငံမြို့တော် စန်တီယာဂိုမှာ အာဏာရှင် သြဂတ်စ်တိုပီနိုချေးအာဏာသိမ်းချိန်က ကျဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် အောက်မေ့သတိရတဲ့အနေနဲ့ ချီတက်ပွဲအတွင်း ဆန္ဒပြသူတွေကို ရဲတွေက ရေ အမြောက်တွေနဲ့ လူစုခွဲခဲ့ပါတယ်။

ဓားစာခံတွေရဲ့ မိသားစုဝင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းဝင်တွေ အပါအဝင် ထောင်ချီတဲ့ လူတွေ ပါဝင်ဆင်နွှဲပြီး မြို့တော်မှာ ချီတက်ခဲ့ကြ ပါတယ်။

စက်တင်ဘာ ၁၁ ရက်ဟာ ၁၉၇၃ နှစ်က ချီလီမှာ အာဏာ သိမ်းတဲ့ နှစ်ပတ်လည်နေ့ပါ။ လက်ဝဲဝါဒီ ဆယ်လ်ဗာဒေါအယ်လန်ဒေရဲ့အစိုးရကို ဖြုတ်ချပြီး ပီနိုချေးက အာဏာရခဲ့ပါတယ်။

သြဂတ်စ်တို ပီနိုချေးဟာ အာဏာသိမ်းတဲ့ ၁၉၇၃ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်ထိ ၁၇ နှစ် ကြာအောင် ချီလီနိုင်ငံကို သံလက်သီး အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့သူပါ။ သူဟာ အုပ်ချုပ်စဉ်ကာလ အခွင့်အရေး အလွဲသုံးစားလုပ်မှုတွေနဲ့ တရားရင်ဆိုင်ရတာမျိုး မရှိဘဲ ၂၀၀၆ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။

သူ့အုပ်ချုပ်ရေးကာလအတွင်း လူအယောက် ၃၀၀၀ ကျော် အသေအပျောက်ရှိခဲ့ပြီး ခန့်မှန်းခြေ လူအယောက် ၂၈၀၀၀ ကျော်နှိပ်စက်ညှဉ်းပန်း ခံခဲ့ရပါတယ်။

1 month Ago
Up