ကျဆင်းလာမည်

February 4, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် စီးပွားရေး ကျဆင်းလာမည်ကို ရှန်ဟိုင်းဒေသခံများ စိုးရိမ် 

တရုတ်နိုင်ငံရဲ့ စီးပွားရေးမြို့တော် ရှန်ဟိုင်းက ဒေသခံတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် စီးပွားရေး ကျဆင်းတာကို စိုးရိမ်လာကြောင်း ပြောလိုက်ပါတယ်။ စားသောက်ဆိုင်တွေ၊ ကုန်တိုက်တန်းတွေ ဘဏ်တွေ ပိတ်ထားတာကို ရှန်ဟိုင်းမြို့တွင်း လူသူကင်းမဲ့တဲ့ လမ်းတွေတလျှောက်မှာ တွေ့ရတာပါ။  ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေးအတွက် မြို့ အစိုးရက တရုတ်နှစ်သစ်ကူး အားလပ်ရက်ကို ဖေဖော်ဝါရီ ၉ ရက်ထိ သက်တမ်းတိုးမြှင့်မယ်လို့ ကြေညာထားပါတယ်။ ဗိုင်းရပ်စ်သစ် စတင်ကူးစက်ကတည်းက တရုတ်စီးပွားရေးအပေါ် အနုတ်လက္ခဏာဆောင် သက်ရောက်တာကို ရင်ဆိုင်နေရတာပါ။ အထူးသဖြင့် စားသုံးမှု လျော့ကျလာတယ်လို့ ပြည်နယ်စီမံရေးရာဌာန ဒုဥက္ကဋ္ဌက ဖေဖော်ဝါရီ ၃ ရက်မှာ ပြောပါတယ်။ အသစ်တွေ့ရှိတဲ့ ဗိုင်းရပ်စ် ဖြစ်တာကြောင့် သေဆုံးနိုင်စွမ်းနဲ့တကွ ကူးစက်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိပ်မသိသေးဘူးလို့ ပညာရှင်တွေက ပြောထားပါတယ်။ ဒါပေမဲ့ သီတင်းပတ် ငါးပတ်ကျော်အတွင်း ကမ္ဘာ့နိုင်ငံနဲ့ ဒေသ ၂၇ ခုကို ကူးစက်ပြီး လူ ၄၂၇ ယောက် သေဆုံးခဲ့တဲ့ ဒီကူးစက်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ကြေညာခဲ့ပါတယ်။
1 year Ago
Up